ညီလေးနဲ့ အိပ်မက်ထဲမှာတွေ့ပြီး စကားတွေပြောဖြစ်တဲ့အကြောင်းကို ဖွင့်ဟလာတဲ့ ညီညီအောင်ထက်နိုင်ရဲ့အစ်ကို

 

ဒီမိုကရေစီတိုက်ပွဲအတွက် အနစ်နာခံပြီး ကြိုးစားပေးသွားကြတဲ့ သူရဲကောင်းတွေကတော့ ပြည်သူတွေရဲ့ရင်ထဲမှာထာဝရရှင်သန်နေမှာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလကတည်းက အသက်ပေးသွားခဲ့ရသူတွေကိုလည်း ယနေ့အချိန်ထိတိုင်အောင် အောက်မေ့သတိရနေကြဆဲဖြစ်ပါတယ်။မနေ့က ဇွန်လ (၂၈) ရက်နေ့ကတော့ သူရဲကောင်းလေး ညီညီအောင်ထက်နိုင် ကျဆုံးသွားခဲ့တဲ့ (၄) လပြည့်နေ့လေးပဲဖြစ်ပါတယ်။ညီညီရဲ့ အမွှာအစ်ကိုကလည်း သူ့ရဲ့ညီလေးအတွက် ကောင်းမှူကုသိုလ်တွေကို အမြဲလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

 


ဇွန်လ (၂၈)ရက်နေ့ ညီညီ့ရဲ့(၄)လပြည့်မှာလည်း သူအရမ်းချစ်တတ်တဲ့ ခွေးလေး၊ကြောင်လေးတွေအတွက် အလှူလုပ်ပေးခဲ့တာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကတော့ ညီညီ့ကို အမြဲသတိရနေကြပြီး အမှတ်တရတွေကိုလည်း ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် အစ်ကိုဖြစ်သူက ညီညီ့ကို အိပ်မက်မက်တဲ့အကြောင်းကို ဖွင့်ဟလာတာဖြစ်ပါတယ်။ညီညီရဲ့ အစ်ကိုကတော့ အိပ်မက်တွေက တကယ်မဟုတ်နိုင်ဘူးဆိုတာသိနေပေမယ့်လည်းနာကျင်နေရတာဖြစ်ပါတယ်။

 

အိပ်မက်ထဲမှာတော့ သူ့ရဲ့ညီလေးကို သူပြောချင်တဲ့စကားလေးတွေ ပြောဖြစ်အောင်ပြောခဲ့လိုက်ပါတယ် ဆိုပြီး သတိရလို့ စိတ်စွဲကာ အိပ်မက်မက်တဲ့အကြောင်းကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။