တာမွေစီးပွားရေးဘဏ်ရှေ့တွင် အကြိတ်အနယ် ပ စ် နေပြီ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊အဝေရာလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် ရဲတစ်ဦးကို ​ေ သ န တ်သမားတချို့က ယနေ့ နံနက် ၁၁ နာရီတွင် ပ စ် သဖြင့် အဆိုပါ ရဲ ​ေ သ သွားကြောင်း သိရှိရသည်။

 

“ရဲက စီးပွားရေးဘဏ်တာဝန်ကျရဲ။ လုံခြုံရေးယူနေရင်း ပ စ် ပြီး ထွက်ပြေးသွားတယ်။ လိုက်ပ စ်ပေမယ့် မထိဘူး။ လွတ်သွားတယ်။ လွတ်ပါစေလို့လည်း ဆု တောင်းပေးတာ ဆုတောင်းပြည့်တယ်”ဟုတာမွေဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက တာမွေ ဗလီထိပ် ၊ အဝေရာလမ်း၊ အာယုလမ်းထိပ် ၊ သမိန်ဗရမ်းလမ်း အာသာကလမ်းထိပ် ကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ ဆောင် ရွက်ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များက ပြည်သူ တချို့ကို ပ စ်ခ တ်မှု လုပ်ဆောင်ခဲ့ရာ ပြည်သူ ၁ ဦး​ေ သ ဆုံးပြီး အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

 

“ကား တစ်စီးကို ပစ်တာ။ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်။ ကားသမားလည်း ​ေ သပြီထင်တယ်။ အဲဒီအမျိုးသမီးကတော့ သွေး အတော်ထွ က်နေတာ။ ကားက သွားနေတာကို လှမ်းပစ်တာ။ စစ်ခွေးတွေ ရမ်းကားပစ်လို့ ထိသွားတာ” ဟု ယင်းဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ရသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်များက ရပ်ကွက်များကို ပိတ်ဆို့ထားကြောင်း၊ ဒေသခံများကို ပစ်ခတ်မည့်ပုံစံဖြင့် ချိန်ရွယ်ထားကာ တိုက်အမြင့်များပေါ်တွင်လည်း စ နိုက်ပါ သမား နေရာယူထားကြောင်း သိရှိရသည်။