မြေအောက်ရဲဘော်တွေဆီက Request ပါ။

ဘယ်နေရာပဲ ဖြစ်ဖြစ် ဗံ ု းပေါက်တယ် အသံကြားရတယ်ဆိုရင် မြို့နယ် တခုကျော် နှစ်ခုလောက်ဆီက ကြားရတတ်ပါတယ်။ (ဖောင်း ဒိုင်း သံကတော့အနီးကပ်မှ ကြားရတာမျိုးပါ)

ဒါကြောင့် ပေါက်တဲ့နေရာ ကို ချက်ချင်းအတည်ပြုဖို့ရာ စစ်ခွေးတွေက မတတ်နိုင်ပါဘူး။

ပျောက်ကျားရဲဘော်တွေ ပြန်လည်ဆုတ်ခွာဖို့အတွက် အချိန်လိုအပ်ပါတယ်။

 

ဒါပေမယ့် မြေပြင်က ပြည်သူတွေက ဘယ်နေရာမှာ ဘယ်အချိန် ပေါက်တယ်လို့ ဖောင်းဒိုင်းဖြစ်တယ် စတဲ့ တည်နေရာ ကို Facebook ပေါ်က တက်ရေးလိုက်ရင် စစ်ခွေး ရဲခွေးများက ချက်ချင်း တည်နေရာကို Google Map ကနေ ကြည့်ပီး ထွက်လမ်း တွေကို ပိတ်ဆို့လိုက်တဲ့အခါ ပျောက်ကျားရဲဘော်တွေက ပြေးဖို့အလွန်ခက်ခဲသွားပီး အဖမ်းခံကြရပါတယ်။

အဲ့တော့ အိမ်မှာနေရင်း ဗံ ု းပေါက်သံကြားရင် တည်နေရာ အတိအကျကို မိမိရဲ့ တကိုယ်ရေ အာသာပြေဖို့ စိတ်နဲ့ Facebook မှာ မတင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဖောင်းဒိုင်း နဲ့ ပစ်သွားလည်း မသိချင်ယောင် ဆောင်နေလိုက်ကြပါ။

 

အရမ်းတင်ချင်စိတ်ပြင်းပြနေရင်လည်း ဖြစ်ပီး ၂နာရီလောက်မှ တင်ကြပါ။

အရေးအကြီးဆုံးက တော်လှန်ရေးမှာ မိမိကိုယ်တိုင် ဒလန် မလုပ်မိဖို့ပါပဲ။

ဘယ်အချိန် ဘယ်နေရာကို လူဘယ်နှစ်ယောက် ဘယ်လိုပုံစံ ဘာကားနဲ့ လာတယ်ဆိုတာကအစ မတင်ကြဖို့ မမြင်ချင် မသိချင်ယောင်ဆောင်ပေးကြဖို့ အထူးမေတ္တာရပ်ခံပါတယ်။

အရေးတော်ပုံ အောင်ရမည်။

မြေအောက်မြို့ပြပျောက်ကျားရဲဘော်တဦး