ကျွန်တော့ အဖေ ဘ၀နေ၀င်ချိန်ကို ကူညီပေးကြပါဗျာ

ကျွန်တော့်အဖေ နေမကောင်းဖြစ်ပြီး အိပ်ယာထဲ လဲနေတာ (2) လကျော် ရှိခဲ့ပါပြီဗျာ။ ခင်များတို့ အရင်တစ်ခေါက်လှူခဲ့တာလေးနဲ့ အဆင်ပြေအောင် နေခဲ့ကြပေမယ့် အခုချိန်မှာ တော်တော် ခက်ခဲနေပါတယ်။အဖေက April 2021 လဆန်းပိုင်းလောက်မှာ စတင် လေဖြတ်ခဲ့တာ ဖြစ်ပြီးတော့ အခုချိန်မှာ တော့်တော့်ကို ဆိုးဝါးတဲ့ အခြေနေတွေဖြစ်လို့ပါ။ စဖြစ်ခါစမှာတော့ တွဲထူ တွဲထ လုပ်နိုင်ပေမယ့် ..

 

အိမ်မှာက အားလုံး ဝိုင်းလှူထားတဲ့ ပိုက်ဆံ‌တွေလုံလုံ လောက်လောက် မကျန်တော့တာနဲ့ အမျှ အမေက ကိုယ်လွတ်ရုန်းပြီး မိသားစုကို စွန့်ပြစ်သွားပါတယ်။ အဲ့နောက်မှာတော့ အဖေက လုံး၀ စိတ်ဓာတ်ကျပြီး အိပ်ယာထဲ လဲသွားပါတော့တယ်။ခြေထောက်တွေက အရင်ကဆို တွဲထူ တွဲထလုပ်တဲ့ အခါမျိုးမှာ ထုံတာလောက်ပဲ ဖြစ်ပေမယ့် အခုဆိုရင် ‌ယောင်ကိုင်းပြီးတော့ အထိကို မခံနိုင်တော့တဲ့အထိ ဖြစ်နေပါတယ်ဗျာ။

အရင် လ‌တွေကတော့ ကျွန်ဝောာ်လည်း ရှိတာနဲ့ အိမ်အထိ ဆရာ၀န်ပင့်ပေးခဲ့ပေမယ့် အခုချိန်မှာ ဆေးဖိုးတောင် မတတ်နိုင်လို့ ဒီအတိုင်းကြီး ပြစ်ထားသလို ဖြစ်နေရပါတယ်ဗျာ။ကျွန်တော်လည်း လက်ရှိမှာ ၀န်ထမ်း ဘ၀တော့ ပြန်ရောက်နေပေမယ့် နိုင်ငံရေး အခြေနေတွေကြောင့် လစာက ထက်၀က်လောက် ကွာခြားနေတာမျိုးလည်း ရှိတဲ့အတွက် လုံလောက်မူမရှိတာတော့ အမှန်ပါပဲ။

 

အမှန်တိုင်းပြောရင် ဆေးရုံတင်ပေးချင်တာပါ။ ခြေထောက်တွေ ယောင်ကိုင်းနေတဲ့ အနေအထားကနေ အခုဆိုရင် ကွေးလို့ ဆန့်လို့ မရတဲ့အပြင် ခါးနဲ့ ပေါင်ကြားတွေမှာဆိုရင် “OKi ဆပ်ပြာဗူးကြီးရဲ့ အဖုံး” တစ်ခုနီးပါး ..အသားပေါက်ကြီးတွေ ဖြစ်နေပြီးတော့ အနံ့အသက်တွေလည်း မကောင်းတော့ပါဘူးဗျာ။ ကျွန်တော်လည်း ရင်တွေပူထူပြီး ခိုကိုးရာမဲ့နေလို့ ခင်များတို့ဆီမှာ အကူညီတောင်းခံအပ်ပါတယ်ဗျာ။

 

အဖေက Htoo Company က Captain တစ်ဦးပါ။ သူရှာနိုင်ဖွေနိုင်တုန်းမှာလည်း လူတိုင်းအပေါ် ကူညီသလို ဘုရားတရားလည်း ကိုင်းရိူင်းခဲ့တဲ့ လူတစ်ယောက်ပါ။ အမြဲတမ်း လူမှန်တစ်ယောက် အနေနဲ့ ရပ်တည်ခဲ့သူပါ။

သူ့ တပည့်, သူငယ်ချင်း, ဆွေမျိူးတွေထဲမှာ အိမ်ကိုလာပြီး အဖေ့ဆီက အကူညီလာတောင်းသူတိုင်းကို မငြင်းဆန်ပံ အမြဲကူညီပေးခဲ့သူပါ။ ဒါပေမယ့် အခုလို အဖေ့နောက်ဆုံးအချိန်မှာ ဘယ်သူမှ မကူညီကျပါဘူး။ဘယ်သူမှလည်း အရေးတယူ ဆက်ဆံတာမျိုး အဖေမရတဲ့အတွက် ကျွန်တော် တကယ် လေးလေးနက်နက်ရင်ထဲက တောင်းဆိုပါတယ်ဗျာ။ လူမူ ကယ်ဆယ်ရေး အသင်းအဖွဲ့တွေများ အသိတွေဘာတွေထဲ ..

 

ရှိခဲ့ရင် ကျေးဇူးပြုပြီး ဆက်သွယ်ပေးကြပါဦးဗျာ။ အခုလည်း အနီးနားမှာ ရှိတဲ့ ပါတ်၀န်းကျင်က လူတွေပဲ ပေးကြ ကျွေးကြ ပုံစံမျိုး ဖြစ်နေလို့ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက အဒေါ်ကြီး တစ်ယောက် လိမ်းဆေးလေးတွေ လာပေးရင်းနဲ့ “ဦးလေး .. ဘုရား တရားပဲ စိတ်ထဲမှာတွေးနော် .. အခုလိုဖြစ်တာလည်း ၀ဠ်ကြွေးရှိလို့သာ ဖြစ်တာ ဦးလေးရေ”လို့ ပြောတဲ့အချိန်မှာ အဖေက ..

 

“ကျွန်တော်ဘယ်သူ့အပေါ်ကိုမှ မကောင်းတာမျိုး မလုပ်ခဲ့ပါဘူးဗျာ”ဆိုပြီး မပီမသလေး ပြန်ဖြေခဲ့တယ်ဗျာ။ အခုလည်း ကျွန်တော် ညီမ အငယ်လေးက အနီးကပ်ပြုစုစောင့်ရှောက်သလို အဘွားဖြစ်သူကလည်း ..

အတတ်နိုင်ဆုံး ဂရုစိုက်ပေးနေကြပါတယ်။ ကျွန်တော်လည်း စားဖို့သောက်ဖို့အတွက် ရှာရဖွေရ‌ပေမယ့် အခုလို အဖေ့အခြေနေက အရမ်းဆိုးတဲ့အတွက် ဆေးရုံ တင်ပေးချင်တာပါဗျာ။ ကူညီပေးကြပါ .. စုံစမ်းပေးကြပါဦးဗျာ။

ကျွန်တော် တောင်းပန်ပါတယ်

Ty Woody (808 Woody Creation)
Contact Number : 09450415178

* Edit : ငွေလိမ်တောင်းတယ်ထင်နေမှာတော့ စိတ်ပူတယ်ဗျာ .. လက်ရှိနေတဲ့ လိပ်စာက “ပုလဲကျွန်းလမ်း (18/A) အိမ်နံပါတ် (33) တောင်ဒဂုံ မြို့နယ်မှာ ကိုယ်တိုင် လာရောက်ပေးလို့လည်းရပါတယ်ဗျာ

K Pay နဲ့ Wave က နံပါတ်အတူတူပါပဲ။ 09 450 4151 78 ကို ပေးပို့လို့ရပါတယ်။ လူမူကယ်ဆယ်ရေး အသင်းတွေ ဘာတွေနဲ့ အဆက်သွယ်ရှိရင်လည်း လမ်းညွှန်ပေးပါဦးဗျာ။ တောင်းပန်ပါတယ်