စစ်ဘေးရှောင်စခန်းကို သွားလှူတာ ဆန်နဲ့ဆေး၀ါးလုံး၀သယ်ခွင့်မပေးဘူးဆိုတော့ ခများတို့ကဘာလား

 

ချင်းပြည်နယ်၊မင်းတပ်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာစစ်ဘေးရှောင်နေခဲ့ရပြီး စားသောက်ဖွယ်ရာတွေ၊ဆေးဝါးနဲ့ အမိုးအကာတွေလိုအပ်နေကြပါတယ်။ ပြည်သူတွေကလည်း တတ်နိုင်သလောက်လှူဒါန်းကြပေမယ့် လမ်းမှာတင်ဖမ်းဆီးခံရတာမျိုး၊ မီးရှို့ဖျက်ဆီးခံရတာမျိုးတွေရှိပြီး စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။ ထူးအယ်လင်းကတော့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

 

ယခုမှာတော့ ထူးအယ်လင်းတစ်ယောက် ချင်းပြည်နယ်၊မင်းတပ်မြို့ကစစ်ဘေးရှောင်ပြည်သူတွေကိုလှူဖို့အတွက် သွားရင်း စစ်ဆေးရေးဂိတ်က ဆန်နဲ့ဆေးဝါးပစ္စည်းတွေလုံးဝသယ်ခွင့်မပေးတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ သူကတော့ မင်းတပ်စစ်ဘေးရှောင်တွေကို သွားလှူရင်း ဆရာတော်တစ်ပါးအတွက် ဆိုင်ကယ်အသေးတစ်စီးပါ လှူဒါန်းခဲ့ပါတယ်။ထူးအယ်လင်းကတော့ မင်းတပ်က အခက်အခဲတွေရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ၂ကြိမ်တိုင်တိုင် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 

သူကတော့ ” ဆန်သယ်လို့ မရောက်တဲ့ရွာ ဆန်နှင့်မျှင်ငပိ၊အသင့်စားငန်ပြာရည်ချက်၊ငါးသေတ္တာဗူးတွေ၊ငါးကြော်တွေ ရောက်အောင် တစ်ဆင့်ပို့ကူခဲ့တယ်ရွာကျောင်းတစ်ကျောင်းက သွားရေးလာရေးခက်ခဲလို့ပါပြောလို့ ဆိုင်ကယ်အသေးတစ်စီးပါ ဝယ်လှူခဲ့လိုက်တယ်(ဥူးဇင်းကိုယ်တိုင် ဆိုင်ကယ်မစီးတတ်ဘူး )… ဒကာကြီးရယ် ဝမ်းသာလိုက်တာ တဲ့ကျွန်တော်တို့လည်း ဝမ်းသာတယ်ဗျာ ခုနှစ်ရက်သားသမီး ရာဟုသားသမီးအပါ အလှုရှင်များကောင်းမှုကြောင့် တကယ်ကို ကူညီရကျိုးနပ်ပါတယ် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။ မင်းတပ်စစ်ဘေးရှောင်တွေကို သွားလှူဒါန်းနေတဲ့ ထူးအယ်လင်းရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

 

Videoကြည့်ရန်…