မိဘမဲ့ဂေဟာတဲ့ဗျာ မြင်ရက်စရာကိုမရှိဘူး ဒါမျိုးမှာများများလှူပေးကြပါ

လတ်တလောအခြေအနေတွေကြောင့်ပြည်သူတွေမှာစားဝတ်နေရေးအပြင်အခက်အခဲမျိုးစုံကိုရင်ဆိုင်ကြုံတွေ့နေရသလိုဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာတွေမှာလည်းအလှူရှင်တွေနည်းပါးနေတာတွေ့ရပါတယ်။

ဆိုးရွားနေတဲ့ပြည်တွင်းရေးအခြေအနေတွေအပြင်ကိုဗစ်ရောဂါတွေလည်းပြန့်ပွားနေတာမို့ပြည်သူတွေမှာအစစအရာရာကြိုးစားရုန်းကန်နေကြရပြီးစေတနာရှင်တွေရဲ့လှူဒါန်းမှုတွေနဲ့ရပ်တည်နေကြရတဲ့ဂေဟာတွေမှာလည်းအတော်လေးကိုခက်

ဒလမြို့နယ်ကျန်စစ်သားရပ်ကွက်မန်းဘလမ်းဆိပ်ကမ်းကူးပြီးတုပ်တုပ်စီးသွားရတဲ့ဦးကုလားမိဘမဲ့ဂေဟာမှာလည်းလတ်တလောအလှူရှင်မရှိလို့ကလေးငယ်တွေအတွက်စားဝတ်နေရေးခက်ခဲနေပြီး ခြင်နဲ့မျှော့တွေအရမ်းပေါလို့အခက်အခဲဖြစ်နေတာတွေ့ရပါတယ်။

 

အခုလိုမိုးတွင်းအချိန်မှာအလှူရှင်တွေနည်းပါးသလိုလယ်ကွင်းထဲမှာ မိုးလုံလေလုံရုံသာတည်ဆောက်ထားတဲ့မိဘမဲ့ဂေဟာလေးမှာရေတွေလည်းတက်နေတာကြောင့်ခြင်နဲ့မျှော့အန္တရာယ်တွေလည်းရှိတယ်လို့သိရပါတယ်။

အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အဆိုပါမိဘမဲ့ဂေဟာလေးအတွက် (၅၀၀)(၁၀၀၀)မှစပြီးတတ်နိုင်သလောက်လှူဒါန်းကုသိုလ်ယူနိုင်ပြီးမလှူနိုင်တဲ့သူတွေအနေနဲ့လည်းအလှူရှင်များများရအောင်shareပေးရင်းကုသိုလ်ပါဝင်ပေးကြပါနော်။

 

ကိုယ်တိုင်သွားရောက်လှူဒါန်းချင်တဲ့သူများကတော့ဂေဟာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09766035963/09692355125ကိုဆက်သွယ်လှူဒါန်းနိုင်ပြီးတစ်ဆင့်လှူဒါန်းချင်သူများအတွက်“Wave Account

Ph(09788468877)

Kpay Account

May Wattan

Ph(09963266614)”ကိုလှူဒါန်းနိုင်ကုသိုလ်ယူနိုင်ပါတယ်။