ကဲ မြေပေါ် ၊ မြေအောက် ရဲဘော်တွေရဲ့
Request. တွေပြီးတဲ့အခါ..

အိမ်ပေါ် ၊ အိမ်အောက်က ရဲဘော်တွေရဲ့ Request ပါ….

 

မြေပေါ်ကရဲဘော်တွေ ဘယာဆိုင်လေးထိုင်လိုက် တီးဆိုင်လေးမှာ ဝိုင်ဖိုင်နဲ့ဂိမ်းဆော့နေလိုက် ဂိမ်းဆိုင်မှာ ကလေးတွေစုနေလိုက် မလုပ်ကြပါနဲ့ မအလရဲ့ စကစ တွေက ဒီဒေး ဆိုတာကြီးကြောက်လို့မြို့ပေါ်ကတွေ့တဲ့ကလေး ပတ်ဆွဲနေကြပါတယ်..

မြို့ ပေါ်မှာဆွဲလို့ ကန်စောင်းမှာလည်း ဂစ်တာတီးပြီး
ဆော်နဲ့ အဝှာပြုမယ်မကျန်နဲ့ ဒလန်က မနာလိုပဲ
လက်တို့လိုက်ရင်ထပ်ရက်ကြီး ဖမ်းခံထိ​နေပါလိမ့်မယ်..

 

မြေအောက်က ရဲဘော်တွေလည်း သေနပ်လေးတပြပြနဲ့ဓတ်ပုံလေးရိုက်ပြီး ဖွဖုတ်ပေါ်တင်တာ လျော့ပါနော်..ဖက်ကလေးခင်းပြီးထမင်းကြမ်းခဲကို ငါးပိရည်နဲ့စားပြီးတောင်တန်းကြီးနောက်ခံထားလို့ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံကိုလည်း ပွဲပြီးမှ tag တွဲပြီးတင်ကြပါ..တော်လှန်းရေးအကြောင်းပြ အလှူအားရပါးရခံကာနယ်စပ်မှာ စခန်းထိုင်မဲ့သူများလည်းခုကာလသီးခံပေးကြပါ..

 

အားလုံးတောင်းတနေတဲ့ D Day မရောက်ခင်
တို့ရဲဘော်တွေ ဘေးမသီရန်မခဖို့အတွက်ပါဗျာ…

ထမင်းတစ်လုပ်စားဖို့ အတိုအရှည်မတူညီတဲ့
လက်ချောင်းငါးချောင်းလုံးအသုံးပြုမှ အောင်မြင်စွာပါးစပ်ထဲရောက်ရှိတာကိုမြေပေါ်၊မြေအောက်, အိမ်ပေါ်အိမ်အောက်ကလူတွေအားလုံးသိကြပြီးသားမို့ အရေးကြီးနေတဲ့အချိန်မှာစိတ်ရှည်၊သီးခံ ဇွဲသန်လို့ စည်လုံးသည်ထက်ပိုစည်းလုံးကာအာဏာရူးတစ်သိုက်ကို အမြစ်ဖြတ်ကြပါစို့ဗျာ…မကြာတော့တဲ့ကာလလေးမှာ အရေးတော်ပုံဟာ
လုံးဝအောင်တော့မည်ဆိုတာ ယုံကြည်ထားကြပါခင်ဗျ..

ဦးဆွေ. လွိုင်အောင်