ဖားကန့်မှာ ပထမဆုံး ​ေ သ ဆုံး တဲ့ ဖြစ်ရပ်

ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) သာယာကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦး ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ကိုဗစ် ၁၉ ရောဂါလက္ခဏာဖြင့် ​ေ သ ဆုံးခဲ့ကြောင်း သိရသည်။

 

အသက် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ချောင်းဆိုးပြီး ဖျားနေသဖြင့် ဆေးခန်းပြခဲ့သော်လည်း မသက်သာသဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေချိန် ​ေ သ ဆုံးခဲ့ခြင်းဖြစ်သည်ဟု ​ေ သ ဆုံးသူကို လိုက်ပါကူညီပေးခဲ့သူတစ်ဦးက ပြောသည်။

 

“သူက ၂၉ ရက်နေ့က ဆေးရုံတင်တာ၊ စောစောကတော့ သူက အပြင်ဆေးခန်းမှာ ပြနေတယ်ပြောတယ် လုံးဝ မသက်သာမှ ဆေးရုံရောက်လာတယ်တဲ့၊ အောက်စီဂျင်ပေးတာကိုမှ နံပါတ် ၅-၆ ပေးတာကို လုံးဝ အသက်ရှူမရဘူး အသက်ရှူကြပ်ပြီးဆုံးသွားတယ်” ဟု သူကပြောသည်။

 

​ေ သ ဆုံးသူသည် ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ​ေ သ ဆုံးခြင်းဖြစ်သည်ဟု ဆေးကုသပေးခဲ့သည့် ဆရာဝန်မှ အတည်ပြုပြောကြားကြောင်း သူကဆက်ပြောသည်။

ဆိပ်မူ သုဿန်တွင် ​ေ သ ဆုံးသူ အမျိုးသမီးကို ယနေ့ နံနက် ၁၁ နာရီခန့်က မီးရှို့ သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ၂၀၂၀ မေလမှ ၂၀၂၁ ဖေဖော်ဝါရီ လထိကိုဗစ် ၁၉ ပိုးတွေ့လူနာ ( ၆၁၄) ဦးရှိခဲ့သည်။