ဆိပ်မူကျေးရွာအုပ်စု သာယာကုန်းကျေးရွာမှ အုပ်ချူပ်ရေးရုံးနားက ဖြစ်ရပ်မှန်

လွန်ခဲ့သည် ၆ နှစ်က အသားအရည်က ဖြူဖြူဝင်းဝင်းကိုယ်ဟန်သွယ်သွယ် မျက်ခုံးမျက်လုံး ကောင်းကောင်းနဲ့မျက်တောင်တွေ စင်းကော့လို့မိန်မချောလေးစာရင်းထဲပါခဲ့တဲ့မခိုင်ဟာ အခုတော့ ပိန်ချုံးချိနဲ့ကာ အသားအရည်လည်း ညစ်နွမ်းပြီး အခြားလူ၁ ယောက်လို ဖြစ်နေပါသည်

 

မခိုင်ဟာ အရင်က သိပ်လှလို့ အမျိုးသားတိုင်းက စိတ်ဝင်းစားလို့သဘောကျကြပါတယ်လို့တောင် ဒေသခံတွေ ပြောကြတယ် အခုတော့ ချေးအထပ်ထပ်နဲ့ညစ်မဲဟောင်းနွမ်းနေတဲ့စောင်၁ထည်နဲ့ အဝတ်အစား ၂စုံကို ရစ်ပတ်ထုတ် လက်မှာပိုက်ထားတဲ့မခိုင်၁ယောက် မိုးလင်းလာတာနဲ့ ပထမဆုံး သူလုပ်မယ့် အလုပ်က ဆေးဖိုး ပိုက်ဆံရှာဖို့ပါ

ဆေးမရရင် မခံစားနိုင်လောက်အောင် ကိုက်ခဲတာကြောင့် တနေ့တာဆေးဖိုးကိုတော့ မရရအောင် သူရှာရပါတယ် မခံနိုင်ဘူး အခုတောင် ထုံဆေး ပရာစီတမော သောက်ထားရတာလို့ ပြောရင်း သူလက်နှစ်ဖတ်ကလည်း ကုတ်ဖဲ့နေပါတယ်

 

မခိုင်ရှာနေတဲ့ ဆေးက အကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် နာတာရှည်ရောဂါအတွက် ဝယ်သောက်ရမယ့် ဆေး မဟုတ်ပါဘူး ယင်းကန်တာကို ဖြေဖျောက်ဖို့ အကြောထဲ ထိုးသွင်းရမယ့် ဘိန်းဖြူမှုန့်ပါ

မခိုင်က ရခိုင်ပြည် မြေပုံမြို့ဇာတိ ရခိုင်သူ ၁ ဦးဖြစ်ပြီးမိသားစုနဲ့ စကားများ ရန်ဖြစ်လို​့ မိသားစုကို ပစ်ထားပြီး အိမ်ပေါ်က ဆင်းလာရင်း ပိုက်ဆံရှာဖို့ ဖားကန့်ရောက်လာတာပါ

ဖားကန့် ဆိုင်တောင် ရောက်တော့ ခေါင်ရွက်ဗျက်ထိုး ဟင်းရွက်စိမ်း ရောင်းရင်း ပတ်ဝန်းကျင် အပေါင်းအသင်း အဆွယ်ကောင်းလို့ မူယစ်းဆေးစွဲပြီး လမ်းဘေးမှာ အခြေနေ မဲ့နေတဲ့ ဆေးသမားဘဝကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်

 

ဒီမှာ ဂျလေဘီဖြစ်နေတာ ဟိုသွားဒီသွား နဲ့ ဘာမှလည်မလုပ်နိုင် အလုပ်လည်မရှိဘူး ဘယ်သူမှလည်း ကျမတို့ကို အလုပ်မခန့်ဘူး ပြောရင်း အိမ်ကိုသတိရကြောင်း စကားတွေ ပလုံးပထွေးနဲ့ ဆက်ပြောရင်း မျက်ရည်တွေကျလို့ ငိုရှာတယ်

မခိုင်ဟာ ဆိပ်မူသာယာကုန်းမှာတော့ ဆေးစွဲလို့ ဘဝပျက်နေသူများစွာထဲက တစ်ဦးပေါ့

ကျွန်တော်မချမ်းသာပါဘူးဒါပေမဲ့ ကျွန်တော်စားနေတဲ့ထမင်းထဲမှာ သူတပါးမျက်ရည်ပါမှာ အကြောက်ဆုံးပါ

ဖားကန့်အာဏာပိုင်တချို့ရဲ့ ပြောဆိုချက်အရ ဖားကန့်မှာ ရေမဆေး ကျောက်ရှာသူ ၂ သိန်းကျော်ရှိပြီး အများစုက မူယစ်းဆေးသုံးစွဲကြသူတွေလို့ သိရသည်

 

 

အချို့ရေမဆေးသမားတွေကတော့ နေ့နေ့ညည ကျောက်ရှာနိုင်ဖို့အတွက် စိတ်ကြွအောင် မက်သမ်မက်ဖာတမင်းဆေးပြားတွေကို သုံးစွဲကြပါတယ်

ဖားကန့်မြို့နယ်ဟာ ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံးကျောက်စိမ်းတွေ ထွက်တာကြောင့် ကျောက်စိမ်းမြို့တော်လို့နာမည်ကျော်ကြားပေမယ့် ဒေသတွင်းမှ ဆေးသမားတွေရဲ့ မြို့တော်လို့ ပြောရလောက်အောင် စိတ်ကြွဆေးပြား ဘိန်းဖြူ ဘိန်းမဲ ပေါပေါသီသီရပါတယ်

ဘိန်းဖြူ အကြောထဲ တခါထိုးသွင်းဖို့ တခါရှူရှိုက်ဖို့လောက် ပမာဏကိုငွေကျပ် ၅၀၀ ဖိုးကနေ စပြီး ဝယ်ယူနိုင်ကြပါတယ်

 

ဆေးစွဲနေတဲ့ ရေမဆေးသမားတွေက မြေစာပုံမှာ ကျောက်ရှာရင်း ဒေသအခေါ် ထမင်းစားကျောက်တွေ ရရင် ၅၀၀၀ ၁၀၀၀၀ ကျပ် စတဲ့ စျေးတွေနဲ့ ရောင်းလိုက် ဆေးအရင် ဝယ်သုံးပြီးမှ ကျန်တဲ့ ငွေကို ထမင်းဝယ်စားကြတယ်သာယာကုန်းမှာ နေထိုင်တဲ့ ကိုရခိုင်လေးဆိုရင် ဖားကန့်ကို သူရောက်နေတာ ၁၂ ကျော်ပြီ သူကလည် ဘိန်းဖြူမှုန့်ကို ခဲပြားပေါ်တင် မီးရှို့ပြိး အငွေ့ရှုရတာကို စွဲနေသူ ၁ ဦးပါ

အခုလည် ဆေးမရှုရရင် မျက်ရည် မျက်ဝတ်တွေ ထွက် ချောင်းတွေဆိုးပြီး လမ်းမလျှောက်နိုင်အောင်ကို ပျော့ခွေနေတာကြောင့်မနက်တကြိမ် ညနေတကြိမ် ပုံမှန်ကို ရှုနေရတာလို့ ပြောပါတယ်

 

 

ကျောက်လဲ မရ ငွေလည်မရှိ လက်ဗလာနဲ့ အိမ်ပြန်ဖို့ကိုတော့ ကိုရခိုင်လေးက စိတ်မကောင်းဘူးလို့ ပြောပါတယ်

လက်ရှိမှာတော့ သူက ဆိပ်မူသာယာကုန်း ဆေးသမားကုန်းမှာ အစိမ်းရောင် တာလပတ်ကို ဝါးလုံးတွေနဲ့ ထိုးထားတဲ့ ယာယီတဲငယ်လေး ၁ လုံး ထိုးပြီး နေပါတယ်ကိုရခိုင်လေးက မူယစ်းဆေးဖြတ်ချင်တဲ့ ဆန္ဒရှိတယ် ပိုက်ဆံနည်းနည်းရရင်ကိုသူနားတော့မှာ ဒီဘဝက မလွယ်ဘူးမူယစ်နွံထဲ နစ်ပြီး ငွေလည်များများရှာမရတဲ့ သူအဖြစ်ကို သူတွေးကြည့်ရင်း ကျိန်စာ မိနေသလိုတောင် ထင်မိတယ်လို့
သူက ပြောပြပါတယ်