အာဏာမသိမ်းခင် (၁) ရက်အလိုလောက်က အမေစုရဲ့ ရေးသားထားခဲ့တဲ့သုံးသပ်ချက်စာ

ညှိနှိုင်းတယ်ဆိုတာ တဖက်နဲ့တဖက်လိုတိုးပိုလျှော့ လုပ်ကြရတာပါ.။တဖက်က_ပုံသေပြောနေရင်တော့⏭တောင်းဆိုတာပါ.။မညှိဘူး မလျှော့ဘူး⏭ပေးကိုပေးရမယ်ဆိုတဲ့သဘောပါ.။

 

အန်တီနဲ့ကာချုပ်က အလွတ်သဘော⏭တွေ့ဆုံခဲ့တာအကြိမ်ကြိမ်ရှိပါတယ်.။အန်တီ မှတ်ချက်ပေးဖူးပါတယ်သူက_ခေါင်းတော်တော်မာတယ်လို့.။ကာချုပ်ဘဝ ချုပ်ငြိမ်းခါနီး သမ္မတဖြစ်ချင်တယ်လို့ နေရာတောင်းဆိုတဲ့အခါ အန်တီတို့ဘက်ကညှိနှိုင်းပေမဲ့ မရခဲ့ပါဘူး.။

ဇန်နဝါရီလ (၂၈.၂၉.၃၀) အနီးကပ် (၃) ရက်မှာ (၂) ဘက် ပြောခွင့်ရပုဂ္ဂိုလ်တွေ အစည်းအဝေးလုပ်တွေ့ဆုံကြပေမယ့်(၂) ရက်သာ လုပ်လိုက်ရပါတယ်။သမ္မတကမဆင်းတဲ့_တောင်းဆိုမှုကြောင့်ပွဲပျက်ခဲ့ပါတယ်.။ပြည်ထောင်စုလွှတ်တော်ထဲမှာ ပြည်နယ်ပြည်မလွှတ်တော်ထဲမှာ (၂၅%) နေရာယူထားတယ်.။

 

စီးပွားရေးတွေ_အခွန်မဆောင်ဘူး.။အနိမ့်ဆုံးမီတာခတောင်_မဆောင်ကြဘူး.။ဒုသမ္မတ_ပုံသေယူထားတယ်.။တပ်ဘတ်ဂျက်ငွေ_စစ်ခွင့်မရှိဘူး.။တပ်တွင်းဦးရေတောင်_စစ်ခွင့်မရဘူး.။

သူတို့တပ် မဲစာရင်း စစ်ခွင့်မရဘူး.။တနိုင်ငံလုံး ဘယ်နေရာ ဘာခိုးလုပ်လုပ်လိုက်စုံစမ်းခွင့်မရှိဘူး.။⏭နောက်ကြောင်းပြန်_အရေးမယူရဘူး.။ရာဇဝတ်မှုကျူးလွန်သူတောင်အရပ်တရားရုံးက စစ်ခွင့်မရဘူး.။အမှုက ဘယ်လောက်ပဲရှင်းနေပါစေ.တရားခံက သူတို့ခိုင်းတဲ့သူဆိုရင် ပြစ်ဒါဏ်ချလို့မရဘူး.။

အရာရာ_ဥပဒေအထက်ကနေပြီးတစ်နိုင်ငံလုံးအုပ်ချုပ်ဖို့_နေရာလိုချင်ပြန်တယ်.။မပေးရင်လုမယ်ဆိုတဲ့_အညံ့ဆုံးစိတ်ဓာတ်နဲ့အနိုင်ရသူကို_ဖမ်းဆီးပြီးလုယူတယ်.။ဒီအခြေအနေတွေကို မသိကြပဲ အန်တီကပဲတည့်အောင်မနေသလိုလို ပြည်ပကပညာရှင်မောင်ပိန်းတို့က ထင်ကြေးပေးကြတယ်.။

( ပြည်သူ့အစိုးရအုပ်ချုပ်ခဲ့ရတဲ့ ၅နှစ်တာအချိန်ဆိုတာ အာဏာရှင်စစ်တပ်လက်အောက်မှာပါ )အာဏာမသိမ်းခင် စစ်တပ်ကNLD ဆီ ၂ ခါ လာပြီး တောင်းဆိုတယ်။ပထမတစ်ခါလာတော့ကာချုပ်သက်တမ်း နောက်ထပ် ၅ နှစ် သက်တမ်းတိုးပေးဖို့ အမိန့်ပေးတယ်။⏭ဒေါ်အောင်ဆန်းစုကြည်ကဒီကာချုပ်နဲ့ အဆင်မပြေတော့မှန်းသိလို့ တိုးပေးဖို့ မဖြစ်နိုင်ဘူး၊ ဥပဒေအတိုင်းပဲ မင်းအောင်လှိုင် ကာချုပ်သက်တမ်းပြည့်ရင်ကာချုပ်အသစ်ခန့်ဖို့ သွားမယ်လို့ ပြောလိုက်တယ်။

 

ဒုတိယတစ်ခါ⏭ဒေါ်အောင်ဆန်းစုကြည် ဆီလာတယ်။ ကာချုပ်အသစ်ခန့်ရင် ကာချုပ်ပြုတ် မင်းအောင်လှိုင်ကို သမ္မတရာထူးပေးဖို့ အမိန့်ပေးတယ်။ ⏭ဒေါ်အောင်ဆန်းစုကြည်က သမ္မတခန့်ဖို့ လူရွေးပြီးသွားပြီလို့⏭ပြောလွှတ်လိုက်တယ်။

⏭ဒေါ်စုသာ အာဏာမက်ရင်…⏭ဒေါ်စုသာ ပြည်သူကို မ ကြည့်ရင်… သမ္မတကြီးကဦးမင်းအောင်လှိုင်၊ ⏭နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကဒေါ်အောင်ဆန်းစုကြည်၊ကာချုပ်ကစိုးဝင်း ဆိုပြီး လက်ဝါးချင်းရိုက်ပြီး ဆက်သွားလို့ ရတယ်။

ဒါပေမယ့် ဒါဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အပြင်၊ပြည်သူတွေ နစ်နာနိုင်တဲ့ ရှေ့ရေးကို မြင်လို့၊ စစ်တပ်က ⏭နိုင်ငံအုပ်ချုပ်ရေးမှာ ဘယ်လောက်ထိ ဝင်ရောက် နှောင့်ယှက်နေသလဲ ဆိုတာပြည်သူတွေကို သိစေချင်လို့၊ ကမ္ဘာကို သိစေချင်လို့

 

အမေ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို စွန့်ပြီး ⏭ထောင်ထဲ ဝင်သွားတာဖြစ်တယ်။⏭ဒေါ်စု စစ်တပ်နဲ့ ရင်ကြားစေ့တဲ့နေရာမှာ အကန့်အသတ်ရှိတယ် ဆိုတာကို ပြခဲ့တာပါပဲ။

⏭ဖေဖေ့တပ်မတော်ဆိုပြီး နေရာတကာ အလျှော့ပေးခဲ့တာ မဟုတ်ပါ။ မတရားတာကို ဆန့်ကျင်ပြီးမှန်ကန်တဲ့ လမ်းကို ရွေးသွားတာပါ။