ဖိနှိပ်မှုတွေငါတို့မမှု မင်းတို့ရင်ဆိုင်နေရတာ 2021 က လူငယ်တွေ

အောက်ဆုံးတွင်videoပါသည်…

“ဒို့မုံရွာ အရှုံးပေးသွားမှာမဟုတ်ဘူး”အဆုံးထိတိုက်မယ်

မီးဒုတ်—–မီးဒုတ်——ရှို့ ရှို့

 

သပိတ်—သပိတ်——မှောက်—-မှောက်

မုံရွာ့မြို့ လူစည်ကားရာ သာစည်ဈေးမှာ ပင်မသပိတ်စစ်ကြောင်းဟာ မီးဒုတ်တွေကိုင်ဆွဲပြီးအာဏာရှင်ကို အပြင်အထန်ဆန့်ကျင်ကြောင်း အင်အားထုနဲ့ ထည်နဲ့ ချပြ သပိတ်မှောက်ချီတက်ဆန္ဒပြခဲ့ပါတယ်။

 

မုံရွာသပိတ်ကော်မတီမှ ပြည်သူလူထုထံသို့

နိုင်ငံအနှံ့အပြားရှိ အကျဥ်း​ထောင်​တွေထဲမှာ ​ရောက်ရှိ​နေကြတဲ့ မတရား အဖမ်းဆီးခံ နိုင်ငံ​ရေး​ခေါင်း​ဆောင်များ၊ ​ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ချွင်းချက်မရှိ လွတ်​ပေးရပါမယ်။

 

 


အစကတည်းက မတရား အဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် ပြန်လွတ်​ပေးတဲ့အ​ပေါ်မှာ ထူးပြီး ​ကျေးဇူးတင်စရာ အ​ကြောင်းတခုမှ မရှိပါ၊ ပြန်လည် လွတ်​မြောက်လာတဲ့ ကျ​နော်တို့ ရဲ​ဘော်များကို ဝမ်း​မြောက်ဂုဏ်ယူစွာ ကြိုဆိုပါတယ်၊ ​တော်လှန်​ရေးရဲ့ ပန်းတိုင်ကို မ​ရောက်မချင်း အားလုံးက ဆက်လက်ချီတက်​နေမယ်လို့ ယုံကြည်​မျှော်လင့်ပါတယ်။

Videoကြည့်ရန်…