ငှက်ပျောရွက်ပေါ်မှာ ထမင်းတွေပုံပြီး မရှိရှိတာလေးနဲ့ ဝိုင်းဖွဲ့စားနေကြရှာတဲ့ တောထဲက PDF လူငယ်လေးတွေ

အောက်ဆုံးတွင်Videoပါသည်….

 

မြို့ပြမှာရှိတဲ့ ပြည်သူတွေက အခက်အခဲ၊အတားအဆီးတွေကြားကနေ လမ်းပေါ်ထွက်ပြီး အခုချိန်အထိတိုင်အောင် ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ် ။ တောထဲမှာရှိတဲ့ ပြည်သူ့ရဲဘော်တွေလည်း တာဝန်ကိုယ်စီကျေပွန်ရင်း တိုင်းပြည်ရဲ့အနာဂတ်အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး အရာရာကိုစွန့်လွှတ်ကာ တောထဲဝင်ခဲ့ကြတဲ့ လူငယ်တွေကို ပြည်သူတွေကလည်း လေးစားချီးကျူးနေရတာ ဖြစ်ပါတယ် ။

 

PDF အဖွဲ့တွေထဲကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေက ငယ်ရွယ်ပေမယ့်လည်း ရဲစွမ်းသတ္တိရှိကြတဲ့ ပြည်သူ့ရဲဘော်တွေပဲ ဖြစ်ပါတယ်။ သူတို့က ရေကြမ်းမြေကြမ်းမှာ ကြိုးစားနေထိုင်ရင်း ကြုံလာသမျှ အခက်အခဲတွေကို ခါးစည်းခံနေကြတာ ဖြစ်ပါတယ် ။ အခုလည်း တောထဲက PDF လူငယ်လေးတစ်ဦးက သူတို့ရဲဘော်တွေ အတူတူဝိုင်းဖွဲ့စားကြတဲ့ ထမင်းဝိုင်းလေးရဲ့အခြေအနေကို ဗီဒီယိုရိုက်ပြီး မျှဝေခဲ့တာ ဖြစ်ပါတယ် ။

 

အဲ့ဒီလူငယ်လေးတွေကတော့ ငှက်ပျောရွက်ပေါ်မှာ ထမင်းတွေပုံပြီး အတူတူ လက်ရည်တစ်ပြင်တည်း စားနေကြတာ ဖြစ်ပါတယ် ။ ရှိတာလေးနဲ့အဆင်ပြေသလို စားတတ်ကြတဲ့ PDF လူငယ်လေးတွေရဲ့ထမင်းဝိုင်းမှာတော့ အသားဟင်းတောင် မတွေ့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့ကတော့ အရွက်ဟင်းတစ်ခွက်နဲ့ပဲ ဝမ်းပြည့်အောင် စားနေရရှာတာ ဖြစ်ပါတယ်။ တောထဲက PDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

 

Videoကြည့်ရန်….