ဖလမ်းမြို့တွင် ရဲအချင်းချင်းဖိုက်ကုန်လို့ ​ေ သ တဲ့သူ ​ေ သ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ရဲစခန်းတွင် ဇွန် ၃၀ ရက်ည ၁၀ နာရီဝန်းကျင်က နယ်ထိန်း ရဲဒုတပ်ကြပ် Lal Cawi Sang နဲ့ တပ်ကြပ်ကြီး ဘူဟာ တို့အရက်မူးလို့ရန်ဖြစ်ရာကနေ အချင်းချင်း ပ စ် ရာ တပ်ကြပ်ကြီး ဝမ်းဗိုက်တွင် အပြင်းအထန်ဒဏ်ရာရရှိလို့ ဇူလိုင် ၂ ရက်မနက်ပိုင်းတွင် ကလေးမြို့ဆေးရုံမှာ​ေ သ ဆုံးတယ်လို့ သတင်းရရှိပါတယ်။

 

တပ်ကြပ်ကြီး ဘူဟာ အရက်မူးပြီး စခန်းသို့သွားကာ နယ်ထိန်း ဒုတပ်ကြပ် Lal Cawi Sang ရဲ့ နားရွက်ကို ဓ ာ းနဲ့ ၂ ကြိမ်ခု တ်ပြီး ဒုတပ်ကြပ်က ဘူဟာဗိုက်ကို ဒိုင်းညောင့် နဲ့ ၃ ချက်ပ စ်ပါတယ်။

 

ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီး ဘူဟာကို ဖလမ်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး အခြေအနေမကောင်းလို့ ညတွင်းချင်း ကလေးမြို့ကို ပို့ပေမယ့် ဖလမ်းအကျော် ဗားရ်တံတားနားမှာကားပျက်လို့ ညအိပ်ခဲ့ကြတယ်။

နယ်ထိန်း ဒုတပ်ကြပ် Lal Cawi Sang ကိုလည်း ဖလမ်း ဆေးရုံသို့သယ်ဆောင်ကြပါတယ်။

Lal Cawi Sang ဟာ ဖလမ်းမြို့ နွေဦးတော်လှန်ရေးလှုပ်ရှားသူတွေကို ဆက်တိုက်ဖမ်းဆီးတာကြောင့် ဖလမ်းလူငယ်အဖွဲ့က ၎င်း​ေ သ ဆုံးလျှင် အ ​ေ လ ာင်းကို ဖလမ်းမြို့တွင် သဂြိုလ်မပေးဘူးလို့ ထုတ်ပြန်ခံရတဲ့သူလည်းဖြစ်တယ်။