တစ်ခုခုဖြစ်ခဲ့ရင် ဒီပုံလေးတင်ပေးပါတဲ့လားညီလေးရာ မင်းဟာကနိမိတ်ဖတ်ထားသလိုပဲ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်က လူငယ်တစ်ဦးဖြစ်တဲ့ ကိုငယ်လေးဟာ ဖမ်းဆီးခံရပြီးနောက် အကြ မ်းဖ က် မှုတွေကြောင့် ​ေ သ ဆုံးခဲ့ရပါတယ်..။

 

စက်မှုဇုန်ရပ်ကွက်ရှိ တွင်လုပ်ငန်းတခုမှာ ဇူလိုင်လ (၁) ရက်နေ့က ပေါက်ကွဲမှုတခုကြောင့်  အနီးပတ်ဝန်းကျင်ရွာက ကိုငယ်လေးအပါအဝင် လူငယ်(၂၃)ဦး ဖမ်းဆီးခံခဲ့ရပြီး အဖမ်းခံရသူတွေထဲက ကိုငယ်လေးကတော့ ​ေ သ ဆုံးခဲ့ပါတယ်..။

ကိုငယ်လေးဟာ မနက်ပိုင်းအချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး (၆)နာရီအတွင်း အကြ မ်းဖ က် မှုတွေကြောင့် ညနေပိုင်းမှာ အလေ ာင်းလာပို့သွားတယ်လို့ မိသားစုဝင်တွေက ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

ဖမ်းဆီးခံရစဉ် အကြ မ်းဖ က်စစ်ဆေးမေးမြန်းမှုတွေကြောင့် အချိန်တိုအတွင်း စစ်ကြောရေးထဲမှာပဲ ​ေ သ ဆုံးခဲ့တာကြောင့် မိသားစုဝင်တွေက ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေကြရပါတယ်..။

အိပ်မက်တွေနဲ့ အနာဂတ်တွေ ကျန်ရှိနေသေးတဲ့ အပြစ်မဲ့လူငယ်လေးတစ်ယောက် အခုလို ​ေ သ ဆုံးခဲ့ရတဲ့အတွက် ယူကြုံးမရဝမ်းနည်းကြရသလို ဖမ်းဆီးခံထားရတဲ့ အခြားလူတွေအတွက်ကလည်း တကယ်ကို စိတ်ပူစရာပါပဲ..။

 

လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ပွားရာ စက်မှုဇုန်ရပ်ကွက်က တွင်လုပ်ငန်းကိုလည်း ပိတ်ဆို့ထိန်းသိမ်းထားပြီး စစ်ဆေးတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်..။