ကောလင်းမှာ စစ်ကောင်စီ ပ စ် သော လ က်န က်ကြီးကျလို့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

အောက်ဆုံးတွင်videoပါသည်…

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးအတွင်း ဇူလိုင်လ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပ  စ် သော လ က်န က်ကြီး ကျရောက်ပေါ က်ကွဲခဲ့ပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

 

စစ်ကောင်စီက ကောလင်းမြို့ရှိ ထွေအုပ်ရုံးအတွင်းမှနေ၍ ပ စ်ခ တ်ကြောင်း၊ ထွန်းဖောင်ဒေးရှင်းဘဏ်အနောက်လမ်းရှိ နေအိမ်တလုံး ခေါင်မိုးပွင့်ထွက်သွားပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့တွင် ကောလင်းမြို့ သစ်ဆိမ့်ကုန်းရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး အ သ တ်ခံရခဲ့ရပြီး စစ်ကောင်စီက ယနေ့တွင် ကောလင်းမြို့ပေါ်၌ လုံခြုံရေးတင်းကြပ်စွာချထားပြီး ယခုလို လ က်န က်ကြီးများဖြင့် မြို့ပေါ်တွင် ရမ်းသန်းပ စ်ခ တ်နေခြင်း ဖြစ်သည်။

 

ကောလင်း သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်များကို KIA နင့် PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲများ ယနေ့ ညနေအချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

Videoကြည့်ရန်…