ကိုဗစ်ရောဂါခံစားနေရတဲ့ ပြည်သူတစ်ဦး ပြောပြတဲ့
ကြောက်စရာကောင်းတဲ့ ကိုဗစ်

ကိုဗစ်ရောဂါခံစားနေရတဲ့ ပြည်သူတစ်ဦးက သူခံစားနေရတဲ့ ဝေဒနာကို လူမူကွန်ယက်ဖေ့ဘွတ်စ်မှာ အခုလိုရေးသားထားတာက…..

 

“ရေမွန်ဆုံးတဲ့နေ့မှာ ကျနော် စဖျားပါတယ်။အခုဆို ၁၁ရက်ရှိပါပြီ။ညတိုင်းလဲ လုံးဝ အိပ်မရပါဘူး.။အမောအရမ်းဖောက်တဲ့အချိန်ဆို မြန်မြန်​ေ သ ပါတော့လို့တောင် ဆုတောင်းမိပါတယ်.။တခါတလေဆို တိုက်ပေါ်က ခုန်ချချင်စိတ်ပေါက်ပါတယ်.။

 

အခုထိလဲမသက်သာသေးပါဘူး။မပေါ့ကြပါနဲ့.။ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့.။mask တပ်ပါ။လက်ဆေးပါ.။ဒီလောက်ဆိုးဝါးတဲ့ ရောဂါကြီးကို ဘယ်သူကိုမှ မခံစားစေချင်ပါဘူး။

 

ကျနော် တကယ့်စေတနာအမှန်နဲ့ ပြောတာပါ.။နေပြန်ကောင်းခဲ့ရင် comic လေးတွေဆွဲပြီး မိတ်ဆွေတို့ကို ရယ်မောစေချင်ပါသေးတယ်.။ကမ္ဘာမြေကြီးကျန်းမာပါစေ.”လို့ ပဲဖြစ်ပါတယ်။