အသက်၁၀၀ မနေရ အမှု ၁၀၀ပေွရ…လူ့လောကကြီးမှာ…ကြုံခဲ့ရပီလေ နှဖူးတွေ့ဒူးတွေ့ ကိုယ့်မိဘ၂ပါးလုံး..

 

ပထမစဖြစ်တော့ အငယ်မ ‘နန်း’ ရာသီတုတ်ကွေးပေါ့…အိမ်မှာ ဖေမေတွေ ရှိနေတော့…ကူးကုန်ရော..အဲ့မှာ အမေကတော့ နဂိုကျန်းမာသန်စွမ်းသူမို့…ဆိုးရွား သက်ရှူကျပ်လောက်အောင်မခံစားလိုက်ရပေမဲ့…ဆီးချိုရော နှလုံးရောဂါပါ ရှိနေတဲ့ အဖေ ကတော့…ဖျားပီဆိုထဲက ဆေးခန်းပြဆေးထိုးခဲ့ကြတာပဲ…ပေမဲ့ လုံးဝသက်မသာလာခဲ့ဘူး

 

ဆေးပတ်လည်ရင်ကောင်းလာမယ်အထင်နဲ့ ဆေးခန်းကပေးတဲ့ဆေးတေသောက်ရင်း…၅ရက်လောက်ဘုန်းဘုန်းလဲခဲ့ကြတဲ့ချိန်…ပင်လုံဆေးရုံကိုသွားပြချိန်မှာတော့…Oxygen ကျနေပီ…အဖျား101…ရင်ဘက်ဓာတ်မှန်အဖြေ မကောင်းဘူး…ဆရာဝန်တွေက အဲ့မှာ လူနာကို မကြည့်တော့ ပါဘူး…ဆေးရုံလွှဲဖို့လုပ်ကြပါပီ…ကိုယ်တေညီမ၄ယောက် ကမ္ဘာပျက်ပီလေ..

 

ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်တော့တယ် ပန်းလှိုင်ဆေးရုံ ပို့မယ် နေရာလွတ်မရရင် အိမ်မှာပဲ ငါရအောင်လုပ်မယ်…ဆိုပီး..

တပုံခြင်းစီမှာ… တိုက်တဲ့ဆေးဝါး…ကျွေးတဲ့အစားအစာ…သေချာရေးပေးထားပါတယ်…
ခုချိန်မှာ..အတော်များများကြုံတွေ့နေကြရပီဆိုတာ သိလိုက်ရတော့…ရင်နဲ့အမျှကိုယ်ချင်းစာ ခံစားရတယ်…အဓိက လိုအပ်တာကတော့…

 

Vitamin. C (ပုံမှာပြထားတဲ့ဆေးဗူးလိမ္မော်ရောင်)
အရမ်းသိသာကောင်းလို့ညွှန်တာပါနော်…
ပိုးသက်ဆေး(ZITHROCARE. 500)
အားရှိစေမဲ့ အားဆေး/Ensure (ဆီးချိုသမားဆို.Glucerna)/BRANDSကြက်ပေါင်း..

အာဟာရပြည့်ဝတဲ့ အစားအစာ+ကြက်ပြုတ်/စွပ်ပြုတ်အရည်/ဓာတ်ဆား/ကြက်ဥပြုတ်အကာကျက်…အသက်ရှူမဝဖဲအရမ်းရှူရခက် ကျပ်နေရင်…Ventolin. 250mcg or 100mcg ရှူသွင်းပေး…
Oxygen. ..ပေးထားရင်တော့ အကောင်းဆုံးပါ…
Oxygen နဲ့ နှလုံး ကို တိုင်းပေးတဲ့စက်လေးလဲ လိုအပ်ပါတယ်….

ရေနွေးလေးနဲ့ ဆားရည်ငုံပီး..ပလုပ်ခဏခဏကျင်းပေးပါ….ထက်လင်းရင်လူးဆေးကို ရင်ဘက်နဲ့ကျော အဆုပ်ရှိတဲ့နေရာတေ..ရွှဲရွှဲလေးလူးပီး..အဝတ်လေးပတ်ပေးထားပါ…လူနာထိတွေ့ကိုင်တွယ်ထားသမျှကို..သေချာဆပ်ပြာ/Dettol/Hand Gel/Disinfectant Spray ဖြန်းပါ…

 

ကိုယ့်အိမ်မှာဖဲ စနစ်တကျ တယောက်ကနေတယောက်မကူးအောင် အထူးသတိကပ် သေချာ…
ပိုးသက်ပီး…အာဟာရပြည့်ဝအောင် စား…အိပ်..ဆေးသောက်…ပီး…စိတ်ဓာတ်ရော ခွန်အားပါ…ပြည့်ဝလာရင်…လုံးဝပျောက်ကင်းသွားမှာမို့.