ကလေးတွင် ညက ပစ်ခတ်မှုများကြောင့် မ ​ေ သသင့်ဘဲ ​ေ သ ဆုံးသွားခဲ့ရတဲ့ အသက် ၆၉ နှစ်အရွယ်အဘိုး

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ ညပိုင်း ပ စ်ခ တ်မှုများကြောင့် အလွန်ကျယ်လောင်သော အသံများ ထွက်ပေါ်ခဲ့ရာ ယင်းအသံများကိုကြား၍ အသက် ၆၉ နှစ်အရွယ် Pa Gin Do Lian သည် ကြောက်လန့်ပြီး နှလုံးရပ်​ေ သ ဆုံးသွားကြောင်း ဒေသရင်းမြစ်သတင်းဌာနများဖြစ်သည့် Chin World နှင့် Zalen တို့က သတင်းဖော်ပြသည်။

 

ယမန်နေ့ ဇူလိုင်လ ၃ ရက်ည ၉ နာရီ၀န်းကျင် ကလေးမြို့ တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ​ေ သန တ် ပ စ်သံ၊ ဗဖောက်ခွဲ သံများကြောင့် ရုတ်တရက်ကြောက်လန့်ပြီး Pa Gin Do Lian (အသက် ၆၉)နှစ်သည် နှလုံးခန်ရပ်၍ ​ေ သဆုံးသွားကြောင်း။ နာရေးအစီအစဉ်ကို ယနေ့ ဇူလိုင်လ ၄ ရက် ညနေပိုင်း ၃နာရီပြုလုပ်မည်ဖြစ်ကြော်ငး Chin World က သတင်းဖော်ပြထားသည်။

 

“ကလေးမြို့မှာ မနေ့ည ၉ နာရီခွဲက လ က်န က်ကြီးအသံတွေရော ဗံ ု း အသံတွေရော ကြားနေရတယ်။ ၂ နာရီလောက်ကြားရတာ။ စစ်ကောင်စီက တစ်မြို့လုံးရမ်းပ စ်ခ တ်နေတာ။ ဘယ်အဖွဲ့နဲ့ ပ စ်နေတာလဲဆိုတာလည်း မသိဘူး။ စစ်တပ်က ရမ်းသမ်းပြီး ပ စ်တာလို့ ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကလေးမြို့တွင် ကိုဗစ်ရောဂါများ ကူးစက်ပြီး ​ေ သ ဆုံးမှု မြင့်တက်နေခြင်း၊ နယ်မြေ မအေးချမ်းခြင်းနှင့် စစ်ကောင်စီတပ်များ၏ ရမ်းကား နှိပ်စက်မှုများကြောင့် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။