​ေ သ ပြန်ပြီ လူတွေ ရာချီပြီး ရက်စက်လိုက်တာ ကံကြမ္မာရယ်

 

လူအနည်းဆုံး ၈၅ ဦးလိုက်ပါသွားတဲ့ ဖိလစ်ပိုင်စစ်ဘက်လေယာဉ်တစ်စင်းဟာ တနင်္ဂနွေနေ့(ဇူလိုင် ၄) က နိုင်ငံတောင်ပိုင်းမှာ ပျက်ကျခဲ့တယ်လို့ စစ်ဦးစီးချုပ်က ပြောဆိုပါတယ်။

 

 

C-130 လေယာဉ်ဟာ ဆူလူပြည်နယ် ဂျိုလိုကျွန်းပေါ်ကို ဆင်းသက်ဖို့ကြိုးပမ်းစဉ် ပျက်ကျခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းနေတဲ့ လေယာဉ်ပျက်ကနေ လူ ၄၀ ခန့်ကို ကယ်ဆယ်ထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး စီရီလစ်တို ဆိုဘီဂျန်နာက သတင်းထောက်တွေကို ပြောဆိုပါတယ်။

 

အခင်းဖြစ်နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေကြောင်းနဲ့ နောက်ထပ် အသက်များစွာကို ကယ်ဆယ်နိုင်ဖို့ မိမိတို့ဆုတောင်းနေပါကြောင်း ဆိုဘီဂျန်နာက ပြောဆိုပါတယ်။

 

လေယာဉ်ပေါ် လိုက်ပါခဲ့သူအများစုဟာ မကြာခင်က အခြေခံစစ်ပညာသင်တန်းပြီးမြောက်ခဲ့သူတွေဖြစ်ပြီး မတည်ငြိမ်ဖြစ်နေတဲ့ နိုင်ငံတောင်ပိုင်းကျွန်းမှာ တာဝန်ပေးခံရသူတွေဖြစ်ကြောင်း သိရပါတယ်။