ပိုက်ဆံငါးသောင်းလှုလို့ ၀မ်းသာပြီးထိုင်ကန်တော့ရှာတဲ့ ဆိုက်ကားဆရာအဘ (ရုပ်သံ)

အောက်ဆုံးတွင်videoပါသည်….

ပြည်သူတွေအားလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ အဆိုးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ စီးပွားရေးကြပ်တည်းမှုတွေကြောင့် စားဝတ်နေရေးပြဿနာတွေကလည်း အများအပြားပါပဲ..။

 

လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ အချင်းချင်း လက်လှမ်းမှီ တတ်နိုင်သလောက် လှူဒါန်းမှုတွေ အဆက်မပြတ်လုပ်ဆောင်ကာ ဖေးမကူညီနေကြပေမယ့် လိုအပ်မှုတွေများစွာရှိနေသလို သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက်လည်း အခက်အခဲတွေကြုံတွေ့နေကြပါတယ်..

 

 

ပိုက်ဆံငါးသောင်းလှုလို့ထိုင်ကန်တော့တာတဲ့ဆိုက်ကားဆရာအဘကအသက်၆၅နှစ်ရှိနေပေမယ့် ဝမ်းရေးကြောင့်ဆိုက်ကားနင်းပြီးပိုက်ဆံရှာရပါတယ်။အရင်ရက်တွေကအဘနေမကောင်းဖြစ်နေတာတဲ့ ဒီနေ့မှဆိုက်ကားနင်းနိုင်ပါတယ်။

တဲ့ အဘကိုငါးသောင်းကျပ်ကူညီပေးခဲ့ပါတယ်။အလှုရှင်ဦးသန်လှစိန် + ဒေါ်ဝင်းသမီး မပပဝင်းနှင့် မောင်နှမများဖြစ်ပါတယ်။အဘခဗျာငွေငါးသောင်းရလို့အရမ်းဝမ်းသာပြီးထိုင်ကန်တော့နေလို့ မနည်းတားခဲ့ရပါတယ်။

 

ONE TO ONE
ကလေးလူနာကူညီရေး
ကိုဝမ်း (စိုင်းနေမျိုးမောင်မောင်)
09765765179 ၊ မန္တလေးမြို့

အဖိုးအကြောင်းကို ပြောပြထားသလို ဆင်းရဲနွမ်းပါးတဲ့အဖိုးအဖွားတွေအတွက် လှူဒါန်းချင်တဲ့ စေတနာရှင်တွေအတွက်လည်း လှူဒါန်းနိုင်တဲ့အကြောင်း ပြောပြထားတာလည်း တွေ့ရပါတယ်..။

 

Videoကြည့်ရန်