ကနီတွင် တောထဲထွက်ပြေးသော ပြည်သူများကို ခြိမ်းခြောက်စကားဆိုလိုက်သည့် မအလ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များက ဝင်ရောက်တပ်စွဲခြင်းများ လုပ်ဆောင်နေပြီး ကျေးရွာပြည်သူများကို ၎င်းတို့ စစ်တပ်လာရောက်သောအခါ ထွက်မပြေးကြရန်နှင့် ထွက်ပြေးပါက တောထဲအထိ လိုက်လံ ပ စ်ခ တ်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

“သူတို့ပြောတာက သူတို့ဘာမှ မလုပ်ဘူး။ လုံခြုံရေးကို သူတို့ စောင့်ရှောက်ပေးမယ်။ ဘာမှ မဖြစ်စေရဘူး။ ရွာမှာပဲနေကြ။ ပုံမှန်အတိုင်း နေထိုင်ကြ။ တောထဲ ထွက်ပြေးရင်တော့ အကြ မ်းဖ က်သမားပဲဆိုပြီး လိုက်ပ စ်မယ်ပေါ့။ အဲဒါမျိုးပြောတယ်။ ဒါပေမယ့် ဘယ်သူကမှ မနေရဲပါဘူး။သူတို့က စည်းရုံးသလိုလိုမျိုးတော့ ပြောတယ်လို့ သိရတယ်” ဟု ကင်းစံပြကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

ကနီမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်သလို ဖြစ်ပွားနေပြီး ဇူလိုင်လ ၁ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်များ ကနဲ-သခွတ်-တနယ်- ဘုတလင်လမ်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲတွင် PDF ၄ ဦးကျဆုံးပြီး ၂ ဦဒဏ်ရာရရှိကြောင်း သိရှိရသည်။

 

“မောင်လှမျိုးထွဋ်ဆိုတဲ့ CDM ကျောင်းဆရာလေးကျဆုံးတာရှိတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ၄၅ မိနစ်တွင်လည်း ကနီမြို့ ရွာသာရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်၍ လ က်န က်ကြီးများဖြင့် ပ စ်ခ တ်ရာ နေအိမ် ၃ လုံး ထိမှန်ပြီး ပြည်သူတစ်ဦးမှာ ပိုးထိခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် စစ်ကောင်စိတပ်များသည် ကနဲအုပ်စု၊ ဝရာအုပ်စု ရွာများရှိ နေအိမ်များ ၊ စျေးဆိုင်များမှမှ ဆန်၊ ဆီ ၊ ဆိုင်ကယ် ၊ ရွှေ ၊ ငွေ ၊ စက်သုံးဆီများ ၊ အရက်ဘီယာများ ၊ လူသုံးကုန်ပစ္စည်းများ အလိုရှိရာကို ခိုးဝှက်ယူဆောင်သွားကြကြောင်း ဒေသခံများက ဆိုကြသည်။

 

လက်ရှိတွင် ကနီမြို့နယ်အတွင်း ကျေးရွာများမှ စစ်ဘေးရှောင် ၃၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။