ကလေးမှာ အခြေအနေဘယ်လောက်ဆိုးလဲဆိုရင် အုတ်ဂူတွေရာချီကြိုတင်ပြင်ဆင်ထားရတဲ့အဖြစ်

အောက်ဆုံးတွင်videoပါသည်…..

ယခုလက်ရှိမှာဆိုရင် ကိုဗစ် ရောဂါပိုးက ပိုမိုကူးစက်ပျံ့နှံ့လာပြီး တစ်နေ့ထက်တစ်နေ့ ဆိုသလို ရောဂါပိုးတွေ့ရှိသူ ဦးရေကလည်း တဖြည်းဖြည်း များပြားလာတာ ဖြစ်ပါတယ် ။

 

ကိုဗစ်ဒဏ်ကို အလူးအလဲခံစားနေရတဲ့မြို့တစ်မြို့ဖြစ်တဲ့ ကလေးမြို့မှာဆိုရင်လည်း ​ေ သ ဆုံးသူအရေအတွက်က နေ့စဉ်နဲ့အမျှတိုးလာတာ တွေ့ရပါတယ်

ကလေးမြို့မှာတော့ ကိုဗစ် ကူးစက်ခံထားရတဲ့ ပြည်သူတွေခမျာ ဝေဒနာခံစားနေရတဲ့အပြင် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ပါ ရင်ဆိုင်နေရပြီး ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ် ။

 

ကလေးမြို့ရဲ့လမ်းထိပ်တိုင်းလိုလိုမှာ နာရေးဆိုင်းဘုတ်တွေ ထားရှိရတဲ့အထိ သူတို့ဆီမှာ အခြေအနေတွေဆိုးနေကြောင်း ပြည်သူတွေက ရင်ဖွင့်နေကြတာ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ကလေးမြို့ရဲ့အခြေအနေကို အားလုံးသိအောင် မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာ ကလေးမြို့ရဲ့ အစည်ကားဆုံးနေရာကိုပြပါဆိုရင် သုသာန်ကိုပဲပြရမှာဖြစ်ကြောင်း သူကပြောပြထားတာ ဖြစ်ပါတယ် ။

 

ကလေးမြို့မှာတော့ ​ေ သ ဆုံးသူဦးရေက တစ်နေ့တခြား မြင့်တက်လာတာကြောင့် အုတ်ဂူတွေပါ အဆင်သင့်ဖြစ်နေအောင် ပြုလုပ်ထားရတာ ဖြစ်ပါတယ် ။

သုသာန်မှာ လူပြတ်တဲ့အချိန်ဆိုတာတောင် မရှိတာကြောင့် အုတ်ဂူတွေကို ကြိုပြင်ဆင်ထားရကြောင်း ပြည်သူတစ်ဦးက ဗီဒီယိုရိုက်ပြီး မျှဝေထားတာ ဖြစ်ပါတယ် ။

 

ကလေးမြို့က သုသာန်မှာ အုတ်ဂူတွေကို အကန့်နဲ့ပဲခြားထားရတဲ့ အခြေအနေကို ပြသလာတဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

videoကြည့်ရန်