ပြည်သူဆီက လုယူထားတဲ့ ပစ္စည်းတွေကို ထောက်ပံ့နေပါတယ်ဆိုပြီး ဝါဒဖြန့်နေ​တဲ့ အ ရှက် မ ရှိတဲ့ မအလ

ကယားပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်တစ်ခုမှ ပျောက်ဆုံး လုယူခံရသော ပစ္စည်းများဖြင့် ဒေသခံပြည်သူများကို စစ်ကောင်စီက ကူညီသယောင် ဝါဒဖြန့်နေကြောင်း ကယားအခြေစိုက် ဒေသအဖွဲ့များက ရန်ကုနခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

 

စစ်ကောင်စီ၏ ဇူလိုင်လ ၄ ရက်ထုတ် ဝါဒဖြန့် မြဝတီသတင်းစာတွင် ဖော်ပြထားသော ပျက်စီးသွားသည့် အဆောက်အဦးများအား ပြန်လည်ပြင်ဆင်ရန် ထောက်ပံ့ကူညီသည့် ပစ္စည်းများမှာ ဒီးမော့ဆိုရှိ ပြည်အောင်ရတနာ အိမ်ဆောက်ပစ္စည်းဆိုင်မှ ခိုးယူသွားသော ပစ္စည်းများဖြစ်ကြောင်း ဒီးမော့ဆိုဒေသခံ သတင်းရင်းမြစ်မှ ပြောသည်။

 

အဆိုပါ ဝါဒဖြန့် သတင်းစာတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အသီ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၄၀ လုံး၊ နေအိမ် ၁၆ လုံး၊ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အဦ ၁ လုံးနှင့် နေအိမ် ၂၃ လုံးတို့ကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းကျေးရွာများမှ ပြည်သူများသည် ယခုအချိန်ထိ တောတောင်ထဲတွင် စစ်ရှောင်နေရဆဲ ဖြစ်သည်။

စစ်ကောင်စီ၏ ပစ္စည်းထောက်ပံ့သည့်ပွဲတွင် လာရောက်လက်ခံသည့် ပြည်သူ မရှိ၍ ၎င်းတို့နှင့် နီးစပ်သည့် လူတချို့ကို အရပ်သားဝတ်စုံဝတ်ခိုင်းပြီး ဓါတ်ပုံရိုက် မှတ်တမ်းယူခဲ့ကြောင်းနှင့် အဆိုပါ ပစ္စည်းများကို ကားများပေါ်ပြန်တင်ပြီး စစ်တပ်၏ တပ်ရင်းရှိရာသို့ ပြန်လည်ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ် ဒီးမော့ဆို Generation Z လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲ၊ ကယားပြည်နယ် (ကရင်နီ) အတွင်း၌ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ ပျက်စီးသွားသောအဆောက်အဦများမှာ စစ်ကောင်စီနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ရင်းများမှ လ က်န က်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အဦများ ပြည်သူများ၏နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

 

တိုက်ပွဲများကြောင့် ပြည်သူ ၁ သိန်းကျော် စစ်ရှောင်နေရသလို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရတာကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF အဖွဲ့မှ တိုက်ပွဲယာယီရပ်ဆိုင်းကြောင်း ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။