၂လသားလေးက နို့ဆာလို့ငိုနေချိန် မိခင်ကတော့ မှန်တိုက်ထဲမှာပေါ့ဗျာ………

 

ပေါင်မြို့နယ်တွင် ကိုဗစ် ပိုးတွေ့တဲ့အထဲမှာမှ နို့စို့ကလေးရဲ့မိခင်ကPositive ဖြစ်ပြီး (၂)လသားသမီးလေးက Negative ဖြစ်ပါတယ်။ ကလေးအမေက P ဆိုတော့ ကလေးနဲ့ တစ်ကွဲတစ်ပြားဖြစ်သွားပါတယ်။ကလေးအမေကိုIso-2ပို့နေတဲ့အချိန် ကလေးအဖေက သူ့သမီးလေးကို သီချင်းဆိုပြီးချော့မြူနေတာ ကြားရတော့ တွေ့မြင်ရတဲ့သူတိုင်း မျက်ရည်ဝဲခဲ့ကြရပါတယ်။

 

 


ကလေးလည်းနို့မပြတ်သေးတဲ့အရွယ် ဖြစ်နေပါတယ်။ ဒီလိုနဲ့ Iso တာဝန်ခံဆရာဝန် Dr H က ကလေးကို မိခင်ရင်ခွင်ထဲပြန်ရောက်စေဖို့ ပြောလာတော့ အားလုံးတိုင်ပင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါတယ်။

 

ကလေးက သူ့မိခင်ရဲ့ ရင်ခွင်ထဲရောက်သွားပြီဖြစ်ပြီး ကလေးမိခင်ဖြစ်သူကို မေးကြည့်လိုက်တော့ “ကျွန်မ ဒီညတော့ အိပ်ပျော်ပါပြီ”တဲ့လေ။ သမီးလေးနဲ့မိခင်လည်းအမြန်နေကောင်းကျန်းမာပါစေလို့ဆုတောင်းပေးနေကြပါတယ်။

 

Zawgyi Version

၂လသားေလးက ႏို႔ဆာလို႔ငိုေနခ်ိန္ မိခင္ကေတာ့ မွန္တိုက္ထဲမွာေပါ့ဗ်ာ………

 

ေပါင္ၿမိဳ႕နယ္တြင္ ကိုဗစ္ ပိုးေတြ႕တဲ့အထဲမွာမွ ႏို႔စို႔ကေလးရဲ႕မိခင္ကPositive ျဖစ္ၿပီး (၂)လသားသမီးေလးက Negative ျဖစ္ပါတယ္။ ကေလးအေမက P ဆိုေတာ့ ကေလးနဲ႔ တစ္ကြဲတစ္ျပားျဖစ္သြားပါတယ္။ကေလးအေမကိုIso-2ပို႔ေနတဲ့အခ်ိန္ ကေလးအေဖက သူ႔သမီးေလးကို သီခ်င္းဆိုၿပီးေခ်ာ့ျမဴေနတာ ၾကားရေတာ့ ေတြ႕ျမင္ရတဲ့သူတိုင္း မ်က္ရည္ဝဲခဲ့ၾကရပါတယ္။

ကေလးလည္းႏို႔မျပတ္ေသးတဲ့အ႐ြယ္ ျဖစ္ေနပါတယ္။ ဒီလိုနဲ႔ Iso တာဝန္ခံဆရာဝန္ Dr H က ကေလးကို မိခင္ရင္ခြင္ထဲျပန္ေရာက္ေစဖို႔ ေျပာလာေတာ့ အားလုံးတိုင္ပင္ ကူညီေဆာင္႐ြက္ေပးခဲ့ၾကေၾကာင္းသိရပါတယ္။

 

ကေလးက သူ႔မိခင္ရဲ႕ ရင္ခြင္ထဲေရာက္သြားၿပီျဖစ္ၿပီး ကေလးမိခင္ျဖစ္သူကို ေမးၾကည့္လိုက္ေတာ့ “ကြၽန္မ ဒီညေတာ့ အိပ္ေပ်ာ္ပါၿပီ”တဲ့ေလ။ သမီးေလးနဲ႔မိခင္လည္းအျမန္ေနေကာင္းက်န္းမာပါေစလို႔ဆုေတာင္းေပးေနၾကပါတယ္။