ကျနော့ အဖေ ဆရာဝန်တစ်ချိုကြောင့် မသေသင့်ပဲ သေခဲ့ရတာပါ

“အဖေက မ ​ေ သ ချင်ခဲ့ဖူး”လူကချောင်းဆိုးပီး အရမ်းမောနေတာတောင်အိမ်ကကျွေးသမျှမညီးမငြူစားရှာတယ် အိမ်မာ 10L/15L/40L oxygen အိုးအဆင်သင့် သုံးနေပေမဲ့ Oxygen 40-50၀န်းကျင်အထိ အရမ်းကျနေတာကြောင့် မြောက်ဥက္ကလာဆေးရုံကို အရေးပေါ် ပို့ခဲ့ရပါတယ်

 

ဆေးရုံက Covid သံသယလူနာအဖစ် ဓာတ်မှန်ရိုက် ဆေးရုံသုံး oxygen ပေး တဲ့အခါမှာ 90-100 အထိ oxgyen ပြန်တက်လာတော့ အဖေက သူပြန်သက်သာတော့မာဆိုတဲ့အသိနဲ့ ကျွန်တော့ကိုပြုံးကြည့်လိုက်သေးတယ် နှာခေါင်းတို့ဖတ်ဖြင့် Covidစစ်တော့လည်း Negative ထွက်တယ် ဓာတ်မှန်ရိုက်ထားတာစစ်တဲ့အခါမှာလည်းအခြေအနေကဆိုးပေမဲ့ covid မဟုတ်ပဲ အမိုးနီးယားကြောင့်အဆုတ်ရောင်တာလို့ပြောပါတယ်

 

ဆိုတော့ကား အဖေကတော်တော်ကိုအားတက်ပီး မသေချင်ခဲ့ဖူး အဖေကို မြောက်ဥက္ကလာဆေးရုံးမှာ ထားပီးကုဖို့ကုတင်မရှိတဲ့အတွက် အပြင်ဆေးရုံ SSC/ရွှေလမင်းပြောင်းကုဖို့ဆရာ၀န်က recommand ပေးပါတယ် အဲ့အထိလည်းအဖေကို ပြန်သက်မာမို့ အပြင်ဆေးရုံကိုပြောင်းခိုင်းတယ်ထင်ပီး ကျေးဇူးတွေအရမ်းတင်နေခဲ့မိပါတယ် ရွှေလမင်းဆေးရုံသွားဖို့ရွေးခဲ့ပီး ဆရာ၀န်က ဆေးစာရေးပေးလိုက်ပါတယ် အဖေ မ ​ေ သ ချင်ခဲ့ပါဖူး

 

ဒါပေမဲ့ အပြင်ဆေးရုံရောက်တဲ့အခါမှာ ထင်ထားတာနဲ့ တက်တက်စင်အောင်လွဲပါတယ် covid negative ပြတယ်ပြောပီးဆေးရုံလွှဲလိုက်ပေမဲ့ လက်မခံပါဖူး ရန်ကုန်ဆေးရုံကြီးထပ်သွားခိုင်းပါတယ် ဘယ်ဆေးရုံမှလက်မခံတဲ့အဆုံး အိမ်ပြန်ခေါ်ပီးပြုစုဖို့ပဲ ရွေးချယ်လိုက်ရပါတယ်

 

ထပ်ပီးကံဆိုးတာက ambulance ပေါ်မှာပါလာတဲ့ oxygen အိုး၂လုံးစလုံးကုန်ခါနီးဖစ်နေတာကြောင့် အိမ်ကိုကားတစီးလွှတ်ပီး Oxygen အိုးပြန်ယူနေတုန်း ရွှေလမင်းဆေးရံမှာ လူနာက oxygen မပေးရင်တော်တော်အဆင်မပြေဖစ်နေတာမို့ oxygenအိုး ခဏငှါးဖို့အကျိုးအကြောင်းရှင်းပြပါတယ်

 

ဆရာ၀န်တစ်ယောက်ကတာ၀န်ခံပီးငှါးပေးမှရမယ်ပြောပီးတာ၀န်ခံပီးမငှါးပေးမဲ့သူမရှိတဲ့အတွက် လူနာက ကားလမ်းမပေါ်မှာကုန်ခါနီး Oxygen ကိုရှူရင်း သွားယူတဲ့ကားအလာကိုစောင့်ရပါတယ် အိမ်ရောက်တဲ့အခါမှာတော့ အဖေစိတ်ဓာတ်ကျသွားတယ်ထင်ပါရဲ့ မနက်ကတုန်းလိုအဖေမပြုံးနိုင်တော့ဖူး အဖေကမသေချင်ခဲ့ပေမဲ့ oxygenကျ အသက်ရှူကြပ်တဲ့ ဒဏ်ကိုခံပီး4.7.2021 7:45pm မှာအဖေဆုံးသွားခဲ့ပါတယ်

ဆရာ၀န်ဆိုတာ လူအသက်ကိုကယ်တဲ့သူတွေလို့သိထားခဲ့ပေမဲ့လည်း မျက်နှာလွဲခဲပစ်လုပ်ခဲ့တဲ့ ဆရာ၀န်တွေအရမ်းကိုကျေးဇူးတင်ပါတယ် non cdm တင်မကပဲစိတ်ဓာတ်တွေကပါ အရေးပေါ်လူနာတစ်ယောက်အပေါ် non help တွေဖစ်နေကြပီလားဗျာ

ps – (အောက်ကပုံကတော့ Oxygen 90-100အထိတက်လာလို့ အဖေပြန်ကောင်းလာတော့မယ်တွေးပီး အမှတ်မထင်ရိုက်ထားလိုက်မိတဲ့ပုံလေး )Source : pPaingZay Ye Tun