ထိုင်းမှာစက်ရုံ မီးလောင်ပေါက်ကွဲရာ မီးငြိမ်းနေရင်း ပြေးချိန်မရလိုက်ဘဲ မီးထဲပါသွားခဲ့ကြတဲ့ မီးသတ်သမားတွေ

အောက်ဆုံးတွင်Videoပါသည်

 

မြန်မာပြည်သူတွေအများဆုံး သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ယမန်နေ့ ဇူလိုင်လ(၅)ရက်နေ့နံနက်ပိုင်းက မီးလောင်ပေါက်ကွဲမှုကြီးတစ်ခု စိတ်မကောင်းစွာ ဖြစ်ပွားခဲ့ပါတယ်။ ယင်းမီးလောင်ပေါက်ကွဲခဲ့တဲ့ နေရာကတော့ ဆမွတ်ပရာကန်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့ပြီး “မင်တီ” လို့ခေါ်တဲ့ ဓာတုဗေဒစက်ရုံ မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ “မင်တီ”ဓာတုဗေဒစက်ရုံဟာ ဆိုးဆိုးရွားရွား မီးလောင်ပေါက်ကွဲခဲ့တာကြောင့် အနီးအနားက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာသို့ ထိုင်းအာဏာပိုင်တွေက ပြောင်းရွှေ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 


နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့ရာကနေ ညနေပိုင်းအထိကို ရဟတ်ယာဥ်များအသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ရတယ်။ ဒီမီးလောင်ပေါက်ကွဲမှုမှာ စိတ်မကောင်းစွာနဲ့ပဲ မီးသတ်သမားတစ်ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရရှိခဲ့တယ်လို့လည်း ထိုင်းမီဒီယာတွေက ဖော်ပြထားတာ တွေ့ရပါတယ်။ ယခုမှာလည်း “မင်တီ” ဓာတုဗေဒစက်ရုံ မီးလောင်ပေါက်ကွဲမှုမှာ မီးထဲပါသွားခဲ့တဲ့ ကယ်ဆယ်ရေး မီးသတ်သမားတွေရဲ့ စိတ်မကောင်းစရာ ဗီဒီယိုဖိုင်လေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

 

ဒီဗီဒီယိုထဲမှာတော့ ပေါက်ကွဲမှုတွေဖြစ်နေတဲ့ကြားကနေ ကြိုးကြိုးစားစား မီးငြိမ်းနေသတ်နေတဲ့ မီးသတ်သမားတွေကို ခေါင်းဆောင်ဖြစ်သူက အန္တရာယ်ရှိလာနိုင်တဲ့အတွက် နောက်ကြောင်းပြန်လှည့်ခိုင်းနေစဥ်အတွင်းမှာပဲ မီးလောင်ပေါက်ကွဲခဲ့တဲ့ အထဲကိုပါသွားခဲ့ပါတယ်။

 

မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကယ်ဆယ်ရေးမီးသတ်သမားဟာ အသက် (၁၉)နှစ်ပဲ ရှိသေးတယ်ဟု ပျံ့နှံ့လာတဲ့ သတင်းများအရလည်း သိရပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကို ကြည့်ပြီး များစွာစိတ်မကောင်း ဖြစ်မယ်လို့ ထင်မိပါတယ်။

Videoကြည့်ရန်….