ကလေးမြို့ကို ကြက်ခြေနီ တံဆိပ်ကပ်ထားတဲ့ ကားတွေနဲ့ စစ်ကောင်စီရဲ့ယုတ်မာမှုကြီးကိုဖော်လိုက်ပြီ

မှတ်မိကြဦးမယ်ထင်တယ်

ဇွန်လ ၁၁ ရက်က မုံရွာမှာ ကြက်ခြေနီ တံဆိပ်ကပ်ထားတဲ့ ကား၊ စစ်ကားတွေနဲ့ အရပ်ဝတ် ဝတ်ထားတဲ့လူတွေ တင်ထားတဲ့ ကားတွေပါတဲ့ စစ်ကောင်စီ ကားတန်း မြင်လိုက်ကြရတယ်ဆိုတာ။ အဲ့ဒီတုန်းက ကျနော်လည်း သတင်းတင်ခဲ့ဖူးပါတယ်။ ကားအစီးအရေအတွက်ကို မြင်လိုက်ရသူတွေ ပြောတာက အနည်းဆုံး ၆ စီးရှိတယ်။ တချို့ကတော့ ၉ စီးလောက်ရှိတယ် ပြောကြတယ်။

 

တကယ်က အဲ့ဒီကားတွေ အားလုံး ကလေးကို တက်သွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကားအစောင့်အရှောက်နဲ့ ကလေးမြို့ဆီ သွားတာ ဖြစ်ပါတယ်။ ဇွန် ၁၁ ရက်ကတည်းက စစ်ကောင်စီဟာ ကလေးမြို့မှာ ကိုဗစ်ကို ကြိတ်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဆို ဇူလိုင် ၆ ရက်ရှိသွားပြီ။ တစ်လနီးပါးပေါ့။

 

အဲ့ဒီမှာ ဘာတွေ ဖြစ်နေသလဲ၊ လူတွေ ဘယ်လောက်သေနေပြီလဲ မသိနိုင်ပါဘူး။
မူရင်း

ယခင်ကသတင်းပေးခဲ့ဖူးသည့်ပိုစ့်