ရိက္ခာတင်ကားကြီးရွှံ့နစ်နေတာကြောင့် အားမာန်အပြည့်နဲ့ဆွဲထုတ်နေကြရတဲ့ ပရဟိတဆရာ၀န်မလေးတို့အဖွဲ့

အောက်ဆုံးတွင်videoပါသည်…

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဟာဆိုရင် တစ်နေ့တခြားတင်းမာလျက်ရှိပြီး ဆန္ဒပြပွဲတွေအပြင် ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေပါနေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။လက်ရှိအချိန်ထိ ပြည်သူ ၈၀၀ကျော်​ေ သ ဆုံးခဲ့ပြီး ပြည်သူထောင်နဲ့ချီဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာစစ်ပွဲတွေ ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း တစ်ဆထက်တစ်ဆများပြားလာတာတွေ့ရပါတယ်။

 


စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။စစ်ဘေးသင့်ဒေသတွေမှာရိက္ခာပြတ်လပ်မှုတွေကြုံတွေ့ကြရတဲ့အတွက် ပရဟိတလူငယ်လေးတွေဟာ ရိက္ခာတွေကိုအခက်အခဲတွေကြားထဲကနေ စစ်ဘေးရှောင်စခန်းတွေထိရောက်အောင် ခက်ခက်ခဲခဲပို့ဆောင်နေကြရတာလဲ တွေ့ရပါတယ်။

 

စစ်ဘေးသင့်ဒေသတွေထိ ကိုယ့်ကျိုးကိုမငဲ့ပဲ သွားရောက်ကူညီနေကြတဲ့ ပရဟိတဆရာ၀န်လေးတွေလည်းရှိသလို လူငယ်လေးတွေလည်းများစွာရှိတာကိုတွေ့ရပါတယ်။အခုအခါမှာလည်း ပရဟိတဆရာ၀န်မလေးတစ်ဦးနဲ့ လူငယ်လေးတွေက ရိက္ခာပို့ဖို့သွားရင်း ရိက္ခာကားကြီး နွံထဲနစ်နေတာကြောင့် ကြိုးတွေနဲ့ဆွဲကာ ရွှံ့တွေထဲကနေ ခက်ခက်ခဲခဲထုတ်ယူနေကြရတာကိုတွေ့ရပါတယ်။

 

ဒီပုံရိပ်တွေကဆိုရင်လည်းလူမှုကွန်ယက်စာမျက်နှာထက်မှာချက်ချင်းပျံ့နှံ့လာပြီး ‌ကောင်းမွန်တဲ့မှတ်ချက်တွေများစွာရနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

videoကြည့်ရန်….