စစ်ဘေးရှောင်တွေရဲ့ စားစရာထဲ စားမရအောင် နည်းမျိုးစုံနဲ့ လုပ်သွားကြတဲ့ စခတွေ

ဖလမ်းမြို့နယ် ကျေးရွာမှာ စကစတပ်က ထမင်း အိုးထဲမစင်စွန့်တာ၊ ဆန်အိတ်ထဲ သေးပေါက်တာ ဓာတ်ဆီလောင်းတာတွေပြုလုပ်

ဖလမ်းမြို့နယ်၊ ဝေဘူလမြို့တဝိုက်က ရွာ ၇ ရွာထဲမှာ စကစတပ်တွေဝင်ပြီး အိမ်မွေးတိရိစာန်တွေ သ တ ် ဖြတ်တာ၊

 

ထမင်းချက်တဲ့အိုးထဲ မစင်စွန့်တာ၊ ဆန်အိတ်ထဲမှာ အပေါ့စွန့်တာ ဓာတ်ဆီလောင်းတာတွေပြုလုပ်သွားတယ်လို့ သတင်းရရှိပါတယ်။

ဇွန်လ ၂၉ ရက်တွင် ဖလမ်းမြို့နဲ့ ဝေဘူလမြို့ကြားတွင် စကစတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 

အဲ့ဒီမတိုင်ခင် ရက်ကတည်းက စကစတပ်တွေဟာ ရွာထဲကစာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေမှာ တပ်စွဲထားကြပါတယ်။

ဒေသခံရွာသားတစ်ယောက်က “ကျနော်တို့ပြန်လာတဲ့ချိန် အိမ်ထဲမှာ ဘာမှပြန်သုံးလို့မရတော့အောင် ဖျက်ဆီးကြတယ်။

 

ခိုးနိင်သမျှအကုန်ခိုးသွားတယ်။ TV တွေ၊ ကွန်ပျူတာတွေလည်းခိုးသွားကြတယ်”လို့ပြောပါတယ်။

ဒါကြောင့် ဝေဘူလမြို့အနီးနားက ကျေးရွာ ၁၀ ရွေကျာ်က ဒေသခံပြည်သူ ၂၀၀၀ နီးပါးဘေးလွရာသို့ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

 

စကစတပ်တွေရွာထဲမှာ မရှိတော့ပေမယ့် ခုချိန်ထိ တချို့ကျေးရွာက ပြည်သူအနည်းငယ်သာရွာထဲသို့ပြန်လာကြပေမယ့် အများစုက ပြန်မဝင်လာရဲသေးပါ။