ခြေ(၄)ချောင်းသားမစားကြောင်း ဆရာတော်ကြီးကို ရိုသေစွာလျှောက်တင်နေတဲ့ အမေစုရဲ့ဗီဒီယိုလေး

အောက်ဆုံးတွင်videoပါသည်

မြန်မာပြည်သူတွေကတော့ ခေါင်းဆောင်ကောင်းပီသတဲ့ လူထုခေါင်းဆောင်အမေစုကို ချစ်ခင်ကြပြီး အသက်(၇၆)နှစ်ပြည့်မွေးနေ့မှာလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြသေးပါတယ်။

 

ထိန်းသိမ်းခံထားရတဲ့ အမေစုကလည်း ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါကို ဂရုစိုက်ကြဖို့ မှာကြားမှုတွေရှိကြောင်း သတင်းတွေအရ သိရပါတယ်။


ပြည်သူတွေကတော့ အခုလိုကိုဗစ်ကူးစက်မှုပြန်ဖြစ်နေချိန်မှာ အမေစုလက်ထက်က ကိုဗစ်နဲ့ပတ်သက်ပြီးစနစ်တကျပြုလုပ်ပေးခဲ့တဲ့ အမှတ်တရတွေကို သတိရနေကြပါတယ်။

 


ယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ခြေ(၄)ချောင်းသားမစားကြောင်း ဆရာတော်ဘုရားကြီးကို ရိုသေစွာလျှောက်တင်နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။

 


ဖွယ်ဖွယ်ရာရာမစားတတ်တဲ့အကြောင်း​လျှောက်တင်ရင်း ဆရာတော်ကြီးစွန့်ကြဲလိုက်တဲ့ ထမင်း၊ဟင်းကို စားနေတဲ့ အမေစုရဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူတွေ များပြားနေ​ခဲ့ပါတယ်။

ပြည်သူတစ်ယောက်ကတော့ အဆိုပါဗီဒီယိုဖိုင်လေးကို မျှဝေရင်း အမေစုကိုလွမ်းဆွတ်သတိရတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

 

ပြည်သူတစ်ဦးက ” တပည့်တော်မ ဖွယ်ဖွယ်ရာရာ မစားတတ်ပါဘူး ဘုရား ဟင်း (၂)မျိုးထက်ပိုရင် ဘာစားရမှန်း မသိတော့ဘူး ဘုရား ခြေ (၄)ချောင်း မစားပါဘူး ဘုရားတဲ့ဪ ….. ငါတို့ရဲ့ ခေါင်းဆောင် လွမ်းလှပြီ ” ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။


ခြေ(၄)ချောင်းသားမစား​ကြောင်း ဆရာတော်ကြီးကို လက်အုပ်လေးချီပြီး လျှောက်တင်နေတဲ့ အမေစုရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

videoကြည့်ရန်…