EPC မှ လက် နက် ကိုင် အ​ခြံအရံများနှင့် မီတာခများ လိုက်ကောက်နေ

 

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ၇ ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာတွင် ဇူလိုင်လ ၈ ရက် ယနေ့နံနက်၌ EPC ဝန်ထမ်းများ၊ လက်နက်ကိုင် စစ်သားများ၊ ရဲများပါဝင်သော အဖွဲ့မှ မီတာမဆောင်သော တိုက်ခန်းများကို တအိမ်တက်ဆင်း မီတာခလိုက်ကောက်ခံနေသည်ဟု သတင်းပေးပို့သည်။

 

“EPC က မီတာခလာကောက်တော့ တပွင့်နဲ့ ရဲက ဘေးကနေ ရပ်ကြည့်နေတယ်၊ မဆောင်ရင် ဒီနေ့ မီးဖြတ်မယ် ပြောတယ်၊ တိုက်အောက်က လမ်းပေါ်မှာလည်း လက်နက်အပြည့်အစုံနဲ့ စစ်သားတွေလည်း ရှိတယ်၊ သူတို့က တိုက်တွေပေါ်ကို လိုက်ကြည့်နေတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

 

လက်ရှိ မီတာခများဆောင်ရသည့်အခါ ယခင် လများက ကြွေးကျန်များကိုပါဆောင်ရကြောင်း အချို့အိမ်တွေဆို သိန်းချီပြီး ပေးရကြောင်း သိရသည်။

အလားတူ ယမန်နေ့ ၇ ရက်နေ့တွင်လည်း မြောက်ဒဂုံ၊ ရွှေပြည်သာ စတဲ့ မြို့နယ်များမှာလည်း လက်နက်ကိုင်များစစ်သားများပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီတာခများလိုက်လံကောက်ခံခဲ့သည်။