တောင်ဥက္ကလာမှာ အမျိုးသားတစ်ဦး ​ေ သ ဆုံး ပြန် ပြီ အနီရောင်အဆင့်ဖြစ်နေပြီ သတိရှိကြပါ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ကျော်သူလမ်းအနီးမှာ ဒီနေ့မနက်(၁၀)နာရီဝန်းကျင်အချိန်လောက်မှာ အမျိုးသားတစ်ဦး လဲကျခဲ့တယ်လို့ (၉)ရပ်ကွက်နေထိုင်တဲ့ ပြည်သူတွေဆီကသိရပါတယ်။

 

” ဘယ်ကလူလည်းဆိုတာတော့မသိရသေးဘူး၊ အသက်ရှုကြပ်နေတဲ့ပုံပဲ၊ အနားလည်းဘယ်သူမှမကပ်ရဲဘူး၊ ဘာရောဂါမှန်းမသိတော့၊ ခုံတွေနဲ့လမ်းပိတ်ပြီးဆေးရုံးကခေါ်ပေးထားလို့ အခုတော့လာခေါ်သွားပြီ၊ အခြေအနေတောမသိသေးဘူး “လို့ အနီးအနားမှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

 

စစ်ကောင်စီကရန်ကုန်တိုင်းက တောင်ဥက္ကလာပမြို့နယ်အပါအဝင် မြို့နယ်(၁၀) မြို့နယ်ကို Stay At Homeအဖြစ်မနေ့ကညပိုင်းမှာ ကြေညာထားပါတယ်။

 

Zawgyi Version



