ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော်ရွှေဆိုင် ပေ ါက် ကွဲ မှုဖြစ်ပွား

 

စစ်ကောင်စီ ခန့်အပ်ထားသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် ပိုင်ဆိုင်သည့် လမ်းမတော်မြို့နယ်ရှိ ရွှေနန်းတော်ရွှေဆိုင်တွင် ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ် ၁ နာရီ မိနစ် ၄၅ ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါ က် ကွဲ မှုကြောင့် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်ဟု ကနဦး သိရပြီး လက်ရှိတွင် စစ်ကောင်စီအဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ဝန်ကြီးများရုံးအနီး ပေ ါက် ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပါ။

 

Zawgyi Version


 


