ဖေဖေ့ကိုမခေါ်သွားကြပါနဲ့ ဖေဖေ သမီးကိုကြည့်ပါဦး

အောက်ဆုံးတွင် video ပါသည်…

ယခုလက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းက ပြန်လည်စတင်နေပြီဖြစ်လို့ ပြည်သူလူထုအနေနဲ့ ရောဂါကူးစက်မခံရအောင် အထူးသတိထားဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ် ။

 

ကိုဗစ် 19 Positive ဖြစ်ပြီး သေဆုံးသွားတဲ့ ပြည်သူဦးရေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာတာကို တွေ့နေရတာလည်း ဖြစ်ပါတယ် ။

အထူးသဖြင့် အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတာမျိုးနဲ့ အချိန်မီ ဆေးမကုသလိုက်နိုင်တာတွေကြောင့် ကိုဗစ်ကူးစက်ခံရသူတွေ အများဆုံးသေဆုံးနေရတာပဲ ဖြစ်ပါတယ် ။

 

တောင်သာမြို့မှာ ပရဟိတလုပ်ကိုင်နေတဲ့ ပြည်သူတစ်ဦးကလည်း ကိုဗစ်နဲ့သေဆုံးသွားတဲ့ သူရဲ့ရုပ်အလောင်းကို ဘယ်လိုသြင်္ဂိုဟ်ခဲ့ရသလဲဆိုတာကို ဗီဒီယိုရိုက်ပြီး မျှဝေခဲ့တာ ဖြစ်ပါတယ် ။

“သတိပြု ဆင်ခြင်နိုင်ဖို့ပါ အခြေနေအရ ဒီလို သြင်္ဂိုဟ်လိုက်ရတယ်” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သတိပေးထားတာ ဖြစ်ပါတယ် ။

 

ဗီဒီယိုထဲမှာတော့ Volunteers တွေက သေဆုံးသူအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တာလပတ်နဲ့ အထပ်ထပ်ထုပ်ပိုးပြီး ကားပေါ်တင်ပေးခဲ့တာ ဖြစ်ပါတယ် ။

 

မိသားစုဝင်တွေကတော့ ရုပ်အလောင်းနားကိုတောင် ကပ်ခွင့်မရတာကြောင့် အဝေးကနေသာ ကြည့်နေရတာပဲ ဖြစ်ပါတယ် ။

သေဆုံးသူရဲ့သမီးဖြစ်သူကလည်း ဖခင်ရဲ့ရုပ်အလောင်းကို သယ်‌သွားတာကြည့်ပြီး ဘေးကနေ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတာ ဖြစ်ပါတယ် ။

 

ဒီလိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့ မြင်ကွင်းကိုကြည့်ရှုလိုက်ရတဲ့ ပြည်သူတွေအနေနဲ့လည်း ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ်

 

ဒါကြောင့် အခုချိန်မှာ အားလုံးအပြင်ထွက်ရင် Mask နှစ်ထပ်တပ်ဖို့ မမေ့ကြပါနဲ့လို့ သတိပေးလိုက်ရပါတယ်။

Videoကြည့်ရန်..