နေပြည်တော် စစ်ကောင်စီလက်အောက်ခံ ရုံးများ ပြည်သူ့ကျိန်စာတွေခံစားနေရပြီ

နေပြည်တော် စစ်ကောင်စီလက်အောက်ခံ ရုံးများ ၀ဋ်လည်နေ

နေပြည်တော်တွင် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အစိုးရရုံးများတွင်ပါ ကိုဗစ် – ၁၉ ပျံ့နှံ့မှုများ အင်မတန် ဆိုးလာသဖြင့် ယနေ့ နံနက်ပိုင်းက စတင်ပြီး နေပြည်တော် ၈ မြို့နယ်အတွင်း တစ်နေရာနှင့် တစ်နေရာ သွားလာမှုများ စတင် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းနှင့် ဘဏ်ဝန်ထမ်းများကိုသာ အကန့်အသတ်ဖြင့် ခွင့်ပြုကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်အရ အစိုးရရုံးများ ရှိသော ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀၀ နီးပါး ရှိပြီး ပြည်ထဲရေး၊ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီရုံး၊ ဗဟိုဘဏ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့တွင် ကိုဗစ်ပိုး ကူးစက်ခံရမှုများရှိနေကြောင်း သိရသည်။

နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်မှ အမှတ် ၁၇ ရဲတပ်ရင်းတွင်လည်း ကိုဗစ်ပိုး ကူးစက်ခံရမှုများ ရှိနေသဖြင့် ရဲတင်ရင်းကို Lockdown ချထားကြောင်း၊ ရဲများမှတဆင့် မိသားစုဝင်များပါ ကူးစက်ခံထားရကြောင်း ဝန်ထမ်းမိသားစုဝင်များထံမှ သိရသည်။

“ဘဏ်ဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းလောက်ပဲ နယ်ကျော်လို့ ရတယ်။ ကျန်တဲ့လူတွေ ပြန်လှည့်ခိုင်းတယ်။ ပျဉ်းမနားကနေ သပြေကုန်း(ဇမ္ဗူသီရိမြို့နယ်) လောက်သွားရင် Q ဝင်မလားလို့ အမေးခံရတဲ့သူတွေ ရှိတယ်။ အလုပ်သွားဖို့တောင် အဆင်မပြေတော့ဘူး။ တချို့ အလုပ်သွားသူတွေ ပြန်လှည့်ရတယ်။ ရပ်ကွက်ထဲတွေမှာဆိုရင်လည်း အပြင်ထွက်ခွင့်ကတ်လုပ်ထားမှ အပြင်ထွက်လို့ ရတော့တယ်။ နယ်ကျော်လို့ မရဘူး”ဟု နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။

နေပြည်တော်တွင် ပွဲရုံဆိုင်ခန်းများ၊ ကုန်စိမ်း၊ သားငါးရုံများနှင့် စားသောက်ကုန် လုပ်ငန်းများနှင့် ဆေးဆိုင်များမှ လွဲ၍ ကျန်ဆိုင်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရွှေဆိုင်၊ လျှပ်စစ်ပစ္စည်း၊ ဖုန်း၊ စာအုပ်ဆိုင်၊ စိုက်ပျိုးရေး ပစ္စည်းဆိုင်၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင်၊ လူသုံးကုန် စတိုးဆိုင်၊ ဖိနပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လူသုံးကုန်နှင့် စတိုးဆိုင်၊ အလှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ကွန်ပြူတာဆိုင်၊ အထည်ဆိုင်၊ Gym နှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ယာဉ်ပြင်ဆိုင်များ၊ ကားနှင့် ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်များ၊ တာယာဆိုင်များ၊ ဘထ္ထရီဆိုင်များအားလုံး ပိတ်လိုက်ရကြောင်း သိရသည်။

“မြို့ထဲမှာ ဆိုင်တွေ အကုန်ပိတ်တယ်။ ဈေးဝယ်စင်တာက ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ စားသောက်ဆိုင်တွေ ပါစယ်စနစ်ဖြစ်သွားပြီ။ နေရာတိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ ဘယ်သွားမှာလဲ မေးတယ်။ Mask မပါရင်လည်း ပြန်လှည့်ခိုင်းတယ်”ဟု ဒေသခံတဦးက ပြောသည်။

နေပြည်တော်တွင် တတိယလှိုင်းအတွင်း ကိုဗစ်ကြောင့် ​ေ သ ဆုံးသူ ၁၈ ဦး၊ ရောဂါပိုး တွေ့ ရှိသူ ၃၀၀၀ နီးပါး ရှိလာပြီး အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ခံနေရသူ ၁၀၀၀ နီးပါး ရှိကြောင်းလည်း သိရှိရသည်။