ညီလေးမရှိတော့ပေမယ့် ဖခင်ရဲ့မွေးနေ့ကို ဝမ်းသာပျော်ရွှင်အောင် suprise လုပ်ပေး1ခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့အကို

အောက်ဆုံးတွင်videoပါသည်…

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျဆုံးသွားတဲ့ ညီညီအောင်ထက်နိုင်ရဲ့ ကျန်ရစ်သူမိသားစုကတော့ သွားလေသူကိုသတိရတိုင်း ကုသိုလ်ကောင်းမှူတွေလုပ်ဆောင်ပေးတာဖြစ်ပါတယ်။

ညီညီရဲ့ အမွှာအစ်ကိုကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ညီညီနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြည်သူတွေအတွက် တင်ပေးနေကျဖြစ်ပါတယ်။

 

မိဘတွေကလည်း အမွှာသားလေးနှစ်ယောက်ထဲမှာ တစ်ယောက်ကိုဆုံးရှုံးလိုက်ရတာကြောင့် ဒီနေ့အချိန်ထိတိုင်ခံစားနာကျင်နေကြဆဲပဲဖြစ်ပါတယ်။

ညီညီအောင်ထက်နိုင် ထွက်သွားခဲ့တာ (၄)လကျော် ကြာသွားပေမယ့် အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုရှိနေဆဲဖြစ်လို့ ပြည်သူလူထုက ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။

 

ကျန်ရစ်ခဲ့တဲ့ အမွှာအစ်ကိုကတော့ မိဘတွေကိုညီလေးရဲ့ကိုယ်စားပါ ပိုပြီးဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ညီညီ့ရဲ့ အမွှာအစ်ကိုက ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးကို သတိတရနဲ့ ပျော်ရွှင်အောင်လုပ်ပေးပြီး လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့လိုက်တာဖြစ်ပါတယ်။

ညီညီ့ရဲ့အစ်ကိုကတော့ “Happy birthday ဖေဖေ…သားတွေအပေါ် ဘယ်တော့မှမငြိုငြင်ဘဲ ညင်သာတဲ့ စကားလုံးလေးတွေနဲ့ပဲ အမြဲရှိနေပေးခဲ့တာ…. သားကို အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့ပြီ… အခု သား ပြန်ပြီး တာဝန်ကျေစေရပါမယ်…”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

 

သားလေးရဲ့သိတတ်မှုကြောင့် ဖခင်ဖြစ်သူလည်း ပီတိဖြစ်ပြီးပြုံးရွှင်နေတာဖြစ်ပါတယ်။ဖခင်ရဲ့မွေးနေ့မှာ ညီအစ်ကိုနှစ်ယောက်လုံးအတူတူမရှိပေမယ့် ညီလေးအတွက်ပါ ပိုသိတတ်ပေးနေတဲ့ အမွှာအစ်ကိုရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Videoကြည့်ရန်…..