သူများတွေကို ကိုယ်ကျိုးစွန့် ကူညီခဲ့ပေမယ့် ကိုယ့်အလှည့်ကျ

 

တောင်ဥက္ကလာ​ မြို့နယ်မှာ အားတက်သရော ကူညီပေးနေပါသော ပရဟိတ အသင်းများထဲမှ အသင်းခေါင်းဆောင်တယောက် ကိုဗစ် ဖြစ်နေပါတယ် ။ဒီအကြောင်းနဲ့ပတ်သက်လို့ မျှဝေခံစားတွဲလက်များပရဟိတအသင်းက သူ့တို့ရဲ့ လူမူကွန်ယက်Page မှာရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

 

“တောင်ဥက္ကလာ​ ရှိတာဝန်ရှိလူကြီးမင်းများခင်ဗျာမေးစရာရှိပါတယ်.။

မြို့နယ်မှာ လှုပ်ရှားပေးနေသော အားတက်သရော ကူညီပေးနေပါသော ပရဟိတ အသင်းများထဲမှ လူများ positive ဖြစ်ခဲ့ရင် ဘာများ ပြန်လည် ကူညီပေးမှာလည်း သိခြင်ပါတယ် .။

အခုအသင်းခေါင်းဆောင်တစ်ယောက် ဖြစ်နေတယ် ။အာတက်သရော လှုပ်ရှားခဲ့သူ ခေါင်းဆောင်ကောင်းတစ်ယောက် ခုန ဆိုင်ရာ လူကြီးမင်းကိုမေး လိုက်တယ် .။အပြင်ဆေးခန်းမှာ စစ်ခဲ့လို့ ဆေးရုံမှာ ပြန်စစ်ရမယ်တဲ့ ။အောက်ဆီဂျင် ၉၀ပဲရှိတာကို အိမ်မှာ ပဲနေတဲ့ ။ဆေးရုံ ဆိုလည်း အဆင်မပြေနိုင်ဘူးတဲ့.။

 

လုပ်ပေးစေခြင်လို့ မျှော်ကိုးပြီး ပရဟိတ လုပ်ခဲ့ကြတာ မဟုတ်ပေမယ့် သည်အပင်စိုက်ရင် သည်အသီးလေးတော့ စားသုံးခွင့်ပေးသင့်တယ်လို့ထင်ပါတယ် ။သေချာ ပြန်စဉ်းစားပေးပါအဲ့ပရဟိတ အသင်းက positive ဖြစ်နေတဲ့ လူက သူ့အိမ်မှာ လည်းကလေးလေးသေးသေးနဲ့ အမေအိုကြီးရှိနေလို့ အိမ်ပြန်ခွင့်မသာလို့ သူ့ရုံးခန်း ထဲ မှာ ဖျာခင်း ဖယောင်းပုဆိုးလေးနဲ့ နေနေရပါတယ် ။မြို့နယ်အတွက် သူလုပ်ပေးခဲ့ တာ တွေ အတွက် တန် ပါတယ် ။တာဝန်ကျေလွန်းပါတယ် ။

 

ပရဟိတအတွက်အမြဲစိတ်အားထက်သန်စွာကူညီခဲ့သူ အမြန်သက်သာပါစေပဲ ဆုတောင်းလျှက် ” လို့ရေးသားထားပါတယ်။