ရုရှားနိုင်ငံမှ ပြန်လာပြီး လူမြင်ကွင်းကနေပျောက်ကွယ်နေသည့် စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာပြီးနောက် လူမြင်ကွင်းတွင် ပျောက်ကွယ်နေရာမှ ယနေ့တွင် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

၎င်းနှင့်အတူ အစည်းအဝေးတွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း၊ စစ်ကောင်စီ အဖွဲ့ ဝင် မိုးမြင့်ထွန်း၊ အောင်လင်းဒွေး၊ မိုးမြင့်ထွန်း၊ စရဖချုပ် ရဲဝင်းဦး၊ စီမံ-ဘဏ္ဍာရေးဝန်ကြီး ဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်း၊ ကြည်း၊ ရေ၊ လေ ညှိကွပ်မောင်မောင်အေးနှင့် စစ်တပ်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။

 

စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်သည် ရုရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ဇွန်လ ၂၇ ရက်နေ့ နောက်ပိုင်း ပျောက်ကွယ်နေရာမှ ယခုမှ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလတွင် ကျင်းပသည့် အစည်းအဝေးတက်ရောက်သည့် မင်းအောင်လှိုင်။