အနောက်နိုင်ငံကြီးများက အသိအမှတ်မပြုသည့် Save မဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေလိုက်၀ယ်နေတဲ့မအလ

ဥရောပသမဂ္ဂနိုင်ငံများ၊ အနောက်နိုင်ငံကြီးများက အသိအမှတ်ပြုရန် ငြင်းဆန်နေသည့် တရုတ်နှင့် ရုရှား ကိုဗစ်ကာကွယ်ဆေး သန်းချီပြီး ဝယ်ယူထားကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ကိုဗစ်ထိန်းချုပ်ရေး အစည်းအဝေးတွင် ပြောဆိုထားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေး ၂ သန်း ၊ တရုတ်ထံမှ ကိုဗစ်ကာကွယ်ဆေး ၅ သန်း ဝယ်ယူထားကြောင်း ယမန်နေ့ အစည်းအဝေးတွင် ပြောဆိုသည်။

 

NLD အစိုးရလက်ထက်က အိန္ဒိယတွင် ထုတ်လုပ်သည့် ကမ္ဘာ့အသိအမှတ်ပြုဖြစ်သည့် ကိုဗစ်ကာကွယ်ဆေး AstraZeneca ကို ၁ ဒသမ ၅ သန်းဝယ်ယူခဲ့သော်လည်း မင်းအောင်လှိုင်လက်ထက်တွင် နိုင်ငံအများစုက အသိအမှတ်ပြုရန် ငြင်းဆန်နေသည့် ရုရှားနှင့် တရုတ်ကိုဗစ်ကာကွယ်ဆေးများကို ဝယ်ယူနေခြင်းဖြစ်သည်။

 

ရုရှားနိုင်ငံက ကိုဗစ်ကာကွယ်ဆေးအဖြစ် Sputnik V (၀r) single-shot Sputnik Light vaccine ထုတ်လုပ်သော်လည်း ယင်းဆေးများကို ရုရှားတွင် တွင်ကျယ်စွာ အသုံးပြုခြင်းမရှိကြောင်း၊ ထို့ကြောင့် ယင်းကာကွယ်ဆေးကို အသိအမှတ်မပြုကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင် Lithuanian နိုင်ငံက ပြောဆိုထားသည်။

 

“သူတို့ပြောတာက Sputnik V က ကောင်းတယ်တယ်။ ဒါပေမယ့် သမ္မတပူတင်က အဲဒီသူတို့ထုတ်တဲ့ဆေးကို သူ့ ပြည်သူတွေအတွက် မသုံးဘူး။ ဒီကိုဗစ်ကာကွယ်ဆေးကို လက်နက်တစ်ခုအဖြစ် ကမ္ဘာကို ခွဲခြားမှုစနစ်နဲ့ ရောင်းချပေးဖို့ပဲ ကမ်းလှမ်းတယ်။ ဒါက လူသားမျိုးနွယ်အတွက် မကောင်းသလို အသစ်အဆန်းမဟုတ်တော့ဘူး” ဟု Lithuanian ဝန်ကြီးချုပ်က ယခုနှစ်၊ မတ်လကုန်တွင် ပြောဆိုသည်။

 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်၊ ဗြိတိ၊ ကနေဒါ အပါအဝင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးအများစုက တရုတ်နိုင်ငံက ထုတ်လုပ်သော Sinovac ကိုဗစ်ကာကွယ်ဆေးနှင့် ရုရှား Sputnik V တို့ကို လုံး၀ အသိအမှတ်ပြုဘဲ ယင်းကာကွယ်ဆေးထိုးထားသူများကိုလည်း နိုင်ငံတွင်း လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားသည်။

 

ကမ္ဘာ့နိုင်ငံကြီးအများစုက အသိအမှတ်ပြုထားသော ကိုဗစ်ကာကွယ်ဆေးများမှာ Pfizer-BioNTech ၊ Moderna Inc.၊ AstraZeneca နှင့် Johnson & Johnson တို့ဖြစ်ပြီး တရုတ်နှင့်ရုရှားထုတ်ဆေးများကို စံချိန်မီသော ကာကွယ် ဆေးများအဖြစ် လုံး၀ အသိအမှတ်ပြုထားခြင်းမရှိပေ။