ကမ်းနားလမ်းမှာလုပ်စားနေတာ ဒီမိန်းမကို လူတွေသတိထားနိုင်အောင် တင်ပေးလိုက်တယ်

အောက်ဆုံးတွင်Videoပါသည်….

 

မော်လမြိုင်ကမ်းနားလမ်းမှာလုပ်စားနေတာ မော်လမြိုင်ကလူတွေသတိထားနိုင်အောင်တင်ပေးလိုက်တယ် အမျိုးသားက ကမ်းနားလမ်းမှာကားတံခါးဖွင့်ပြီး မုန့်စားနေတုန်း အနားလာပြီး ကျွန်မကလေ းဆေးရုံတင်ထားရလို့ ပိုက်ဆံ4ထောင် 5ထောင်လောက်ပေးပါဆိုပြီးလာတောင်းတယ်မရှိဘူးလည်းဆိုရော ကားနားမှာရစ်သီရစ်သီလုပ်နေတာ ဘေးထိုင်ခုံမှာတင်ထားတဲ့ ပိုက်ဆံထုတ်လဲမြင်ရော မျက်လုံးကမခွာပဲကားနားကိုအတင်းကပ်ပီးကားထဲခေါင်းဝင်ပြီး ဘေးကပိုက်ဆံထုတ်ကိုအတင်းဆွဲယူဖို့

 

လုပ်တော့ အမျိုးသားကအတင်းတွန်းဖယ်လိုက်ပြီ းကားမှန်ပိတ်လိုက်တယ် ဘေးမှာကလေးလည်းပါတော့ သူလန့်သွားတာ ကလေးထိမှာစိုးလို့သူထွက်သွားတော့ အမျိုးသားက ကားပေါ်ကဆင်းပီး လှမ်းကြည့်တော့ တခြားကားတွေနားကိုလဲ ကပ်ယောင်လည်လည်လုပ်နေတာ သူကကမ်းနားလမ်းကမုန့်ဈေးတန်းမှာမုန့်လာစားတဲ့ လူတွေကို ပစ်မှတ်ထားတာ ကိုယ်ကဈေးဝယ်ပြီးပြန်လာတော့ ပြောပြတော့မှ လမ်းမှာအဲ့မိန်းမကိုတွေ့ပြီး အနောက်ကလိုက်တာ သူတက်စီပေါ်တက်သွားတယ်

 

ငွေမိုးဟိုတယ်ရှေ့ရောက်တော့ တက်စီပေါ်ကဆင်းသွားတယ် အရေးထဲ ၁၉၉ ကိုဖုန်းဆက်ခေါ်တော့လည်း3ခါ ဖုန်းမကိုင်ကြဘူး ရဲခေါ်မယ်ဆိုရောဟိုပြောဒီပြောနဲ့ပတ်ပြေးသွားတာသူ့ကိုတွေ့တွေ့ချင်းကိုအံ့သြသွားတယ် လွန်ခဲ့တဲ့8နှစ် ကိုတွေအောက်ဈေးမှာ အထည်ဆိုင်ဖွင့်တုန်းဈေးမှာပတ်ပြီးအလစ်သုတ် ပိုက်ဆံလု တို့ဆေးတို့တဲ့ ကိုတွေနာမည်ဝှက်ခေါ်ခေါ်နေတဲ့မေဆွိပဲ ခုထိလုပ်စားနေတုန်း။ အောက်ဈေးမှာအထည်ရောင်းတဲ့ ဆိုင်တိုင်းလိုလိုသိကြတယ် မသိတဲ့သူတွေ ကိုတွေလိုမကြုံရအောင်စေတနာနဲ့မျှဝေပေးလိုက်တာပါ အစစအရာရာသတိရှိကြပါ။

 

Videoကြည့်ရန်…