ပစ္စည်းလိုချင် ပစ္စည်းပဲယူကြပါ လူကိုတော့ချမ်းသာပေးကြပါဗျာ…

ပြည်သူလူထုကတော့ လက်ရှိနိုင်ငံရေးအခြေအနေကို ဖြတ်ကျော်နေရတဲ့အချိန်မှာပဲ ကိုဗစ်ကူးစက်ရောဂါကိုလည်းတဖန်ပြန်လည်ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတိုင်းနီးပါးလည်း စီးပွါးရေး၊လူမှုရေး၊ကျန်းမာရေး စတာတွေကြပ်တည်းသွားကြတာဖြစ်ပါတယ်။

 

 


ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တချို့မြို့နယ်တွေမှာ ခိုးဆိုးလုယတ်မှုတွေကို ပြည်သူတွေအနေနဲ့ကြုံတွေ့နေတာပဲဖြစ်ပါတယ်။ဒီရက်ပိုင်းတွေမှာ ဆိုင်ကယ်တွေလည်းလုယက်ပြီး လူကိုသ တ ်ပစ်တဲ့သတင်းတွေ ကြားသိနေရတာပဲဖြစ်ပါတယ်။

 

ပခုက္ကူမြို့မှာလည်း လူပြတ်တဲ့နေရာဆို ဆိုင်ကယ်တွေလုပြီး ပိုင်ရှင်ကိုပါ အန္တရာယ်ပေးနေတဲ့ကိစ္စတွေဖြစ်ပျက်နေပါတယ်။ပခုက္ကူမြို့မှာ နေထိုင်တဲ့ပြည်သူတွေကတော့ ပခုက္ကူတမာတန်းဘက်ကို မသွားကြဖို့သတိပေးထားကြတာဖြစ်ပါတယ်။

 

အဲ့ဒီနေရာက လူပြတ်တာကြောင့် မသမာသူလူတစ်စုအတွက် ဆိုင်ကယ်လုယက်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ကောင်လေးတစ်ယောက်က ပခုက္ကူတမာတန်းဘက်မှာ ဆိုင်ကယ်လုခံရတဲ့အပြင် အရိုက်ပါခံလိုက်ရသေးတာဖြစ်ပါတယ်။

 

အရိုက်ခံလိုက်ရတဲ့ကောင်လေးကတော့ ဦးခေါင်းဒဏ်ရာနှစ်ချက်ပေါက်ပြဲပြီး ကွယ်လွန်သွားပြီဖြစ်ပါတယ်။သူတစ်ပါးရဲ့ ချွေးနည်းစာကို အချောင်လိုချင်တဲ့လူတစ်စုရဲ့ စိတ်ဓာတ်ကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး အသက်ပါပေးလိုက်ရတာဖြစ်ပါတယ်။

ကျန်ရစ်သူမိသားစုလည်း ကွယ်လွန်သွားတဲ့သားလေးအတွက် အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။အချိန်မတန်သေးဘဲ ကြွေလွင့်သွားခဲ့ရတဲ့လူငယ်လေးရဲ့နောက်ဆုံးခရီးပုံရိပ်လေးတွေကို စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။