ကြောက်နေရင် ပိုခံစားရလွန်းလို့ ဒီလောကဓံတိုက်ပွဲ ကျမ နိုင်အောင် တိုက် မှ တစ်မိသားစုလုံးအသက်ရှင်မှာ

ကျွန်မတို့က မိသားစုလေးယောက်လုံး Covid Positive ကျွန်မနဲ့ ကျွန်မ အမျိုးသားရယ် ၉နှစ် သမီးလေးရယ် ၃နှစ် သားလေးရယ် အကုန် Positive တအိမ်လုံးပေါင်းမှ ဒီလေးယောက်ပဲရှိတဲ့ ကျွန်မတို့ ဘဝ

 

ဘယ်ကနေ ကူးလည်းဆိုတော့ ပိုးက အရမ်းပြန့်နေတော့ ဘယ်လို ကာကွယ်ထားထား ကိုယ့်အိမ် ပတ်ဝန်းကျင်နားမှာတောင် ဖြစ်နေတာဆိုတော့ ကျွန်မတို့လည်း မပြောတတ်ဘူးရယ်

 

ကျွန်မ ယောကျ်ားပဲ oxygen ရှုရတယ် ကျွန်မတို့က သူစဖျားပီး နှစ်ရက်လောက်နေတော့ သားမိ သုံးယောက်လုံး ဖျားတယ် ကျွန်မ ဖျားနေရင်းနဲ့ပဲ ကလေးနှစ်ယောက်ကိုရော သူ့ကိုရော အတတ်နိုင်ဆုံး ပြုစုပေးခဲ့ရတာ ကလေးနှစ်ယောက်က အဲ့မနက်ပိုင်းလေးပဲ ဖျားပီး ညနေလောက်ကတည်းက အဖျားမရှိပဲ ပုံမှန်အတိုင်းကောင်းသွားတယ် အဓိက ကကျွန်မ အိပ်ရာပေါ် သွားလှဲနေချင်တဲ့ စိတ်ကို ဖျောက်ထားတယ် ဒီမိသားစုမှာ ငါနေကောင်းမှဖြစ်မှာ ငါလဲလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ကို သွင်းထားခဲ့ပီး အတတ်နိုင်ဆုံး ကိုယ်ခံအားကောင်းအောင် စားတယ် သူသက်သာတဲ့ အချိန်တွေဆို ဘေးနားမှာ သူလက်လေးကိုင်ပီး ဘုရားစာရွက်ရင်း အိပ်တယ် နည်းနည်းလောက် အိပ်လိုက်ရရင်ကို ကိုယ်ကိုကိုယ် ကျေနပ်နေခဲ့တာ အဲ့အဖျားက ကျွန်မလို လူဆီမှာ ကြာကြာမနေနိုင်ဘူး ထင်တယ် နောက်နေ့မနက်ပဲ ကျွန်မ အဖျားပျောက်သွားတယ် ကျန်တဲ့သူတွေက ပုံမှန်လူလိုပါပဲ အပြင်မထွက်ပဲ အားရှိအောင်စားတယ် ဓါတ်ဆားသောက်တယ် ပင်ပင်ပန်းပန်း ဘာမှ မလုပ်ပဲ နေတယ်

 

ကိုယ်ခံအားကောင်းနေရင် အဲ့ပိုးက ခန္တာကိုယ်ထဲမှာ ၁၄ရက်ပဲ နေနိုင်တာမို့ ကျွန်မတို့ ခန္တာကိုယ်ထဲမှာ အဲ့ပိုးရှိနေလည်း ကျွန်မက စိတ်ဓါတ်လုံးဝကို မကျတာ ဒီလောကဓံ တိုက်ပွဲ နိုင်ကို နိုင်ရမယ်လို့ တွေးထားခဲ့တာ

 

အဓိက က ကိုယ်ခံအားကောင်းနေရင် သူက ခန္တာကိုယ်ထဲမှာ ပိုးရှိနေလည်း သူဘာသာသူ ၁၄ရက်နေရင် ပြန်ထွက်သွားတာမို့ အဓိကက စိတ်ပါပဲ

ဒေဝီကတော့ ကျွန်မကို Super Mom တဲ့ မေမေကြည့်တော့ ပျော့မလိုလိုနဲ့မေမေက တော်တော် သန်မာတာပဲတဲ့ အတူတူဖျားနေတာတောင် မေမေမလဲဘူးနော်တဲ့

 

မေမေက လဲလို့ မဖြစ်လို့ပေါ့ သမီးရယ်လို့ သူကို ပြောပြတော့ သမီးက မေမေရှိလို့ တော်သေးတယ်တဲ့ ကျွန်မကတော့ အဲ့လိုကို ကျွန်မခေါင်းထဲကို ရိုက်သွင်းထားတာ

ကျွန်မစိတ်ဓါတ်တွေကျပီး ကြောက်နေခဲ့ချိန် ယောကျ်ားကလည်း oxygen ရှုနေရချိန် အစစအရာရာဟာ ကိုယ့်အတွက် တကယ်ကို အခက်ခဲဆုံးအချိန်တွေကို စိတ်ဓါတ်ခွန်အားရော အစစအရာရာ ကူညီဖေးမကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်