PPE ဝတ်ပြီး လူနာတွေကို ကူညီပေးနေရင်း ကိုယ်တိုင် အသက်ရှူကြပ်သွားခဲ့တဲ့ ပရဟိတ လူငယ်လေး

အောက်ဆုံးတွင် video ပါသည်…..

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါတတိယလှိုင်းဟာ အတော်လေးကို ကူးစက်ပြန့်ပွားမှု မြန်ဆန်နေပြီး လူကြီး၊လူငယ်မရွေး ​ေ သ ဆုံးနေကြရတာ ဖြစ်ပါတယ်။

အောက်ဆီဂျင်ကျနေတဲ့ လူနာများကို ဆေးရုံများမှ လက်မခံကြတဲ့အတွက် ရောဂါခံစားနေရသူတော်တော်များများ အခက်တွေ့နေကြရတာ ဖြစ်ပါတယ်။

 

အလှူရှင်များကလည်း အောက်ဆီဂျင်စက်ရုံအသစ်တွေ အမြန်ဆုံးဆောက်လုပ်လှူဒါန်းဖို့အတွက် ကြိုးစားနေကြတာကိုလည်း အားတက်ဖွယ် မြင်တွေ့ရပါတယ်။

 

အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပရဟိတလူငယ်လေးတွေကလည်း ပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ကြဖို့အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပရဟိတဆောင်ရွက်နေတဲ့ ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ PPE ဝတ်ပြီး လူနာတွေကို ကူညီပေးနေရင်း သူကိုယ်တိုင် အသက်ရှူကြပ်သွားတဲ့အထိ ဖြစ်သွားခဲ့တဲ့ သီပေါမြို့ကပရဟိတ လူငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

 

သူတို့တွေဟာ လူနာတွေရဲ့အသက်အန္တရာယ်ဘေးမှကင်းလွတ်အောင် သက်ဆိုင်ရာ ဆေးရုံများသို့ အချိန်မှီ ပို့ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။

 

ပြည်သူများကလည်း ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး အများအကျိုးအတွက် ဆောင်ရွက်ပေးနေကြသူများအားလုံးဘေးအန္တရာယ်ကင်းရှင်းကြစေဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

 

ရောဂါကူးစက်နှုန်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတဲ့အတွက် အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ အိမ်ထဲမှာ နေထိုင်ကြဖို့ လိုအပ်ပါတယ်။

 

မြန်မာနိုင်ငံသားများအားလုံး ကပ်ရောဂါဆိုးကြီးကနေ အမြန်ဆုံး ကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Videoကြည့်ရန်…..