ထမင်းစားဖို့ဆန်မရှိချိန်…Mask စျေးတက်တာကို မဆွေးနွေးချင်တော့ဘူး….

အထည်ချုပ်ပိတ်လို့ အိမ်ပြန်ရမလား ဘာလုပ်ရမလဲ
တွေးနေတဲ့ညီမတွေကို un လာမှာပါဆိုပြီး မနှစ်သိမ့်ချင်ဘူး

ဆိုင်ကယ်တွေဖမ်းလို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ နောင်တော်ကြီးက ​ေ သ ကြောင်းကြံတဲ့အခါ..အဖန်ငါးရာငါးကမ္ဘာဆိုပြီး တွေးမနေတော့ဘဲ. ​ေ သ ခြင်းတရားဟာလွတ်​​မြောက်ရာလို့တွေးနေမိမှာသေချာတယ်

 

စံပယ်ပန်းလိုမမွေးပျံတဲ့ စံပယ်ရောင်းတဲ့ကလေးတွေဆီ..မုန့်လေးပေးရင်း… မအလကို ကျိန်ဆဲမိတယ်….

ဘယ်လိုအပြစ်တွေရှိခဲ့လို့ ငို ကော အာဏာရူးကောကို တစ်ပြိုင်နက်ထဲတွေ့ခဲ့ရတာလဲဆိုတာကို…
ဗုဒ္ဓဘုရားဆီမေးခွန်းထုတ်မိမယ်ထင်တယ်….

သေခြင်းတရားဟာလွတ်မြောက်ရာလို့တွေးမိတိုင်း

 

နာဂတ်ကလေးငယ်ပညာရေစနစ်အမေ့ရှိတုန်းကလိုမကောင်းတာသေချာပါပဲ

မရှိတဲ့သူတွေအတွက် တက်နိုင်သလောက်အာပေးမယ်ဆိုပြီး ကျနော့်တို့အားတင်းနေရတယ်…

တစ်ချို့ညတွေဟာ သေချင်စရာကောင်းအောင်
စိတ်ပျက်မိတယ်….

 

ဘုရားပစ်ထားတဲ့ တရားမရှိတဲ့ ငရဲဘုံဟာမြန်မာဖြစ်မယ်.

 

အိမ်ပြေး