နှစ်ကြိမ်စစ်တယ် ကိုဗစ်မရှိဘူးပဲပြနေပေမယ့် ဆုံးပါးသွားတဲ့အကြောင်း ရင်နာစွာပြောလာတဲ့ အဆိုတော် Double J

ဟိုတလောက အမေဆုံးပါးသွားတဲ့ အခြေအနေကိုကျတော်လိုရင်းပဲပြောပြပါတော့မယ်

ကျတော့်အမေက သာမာန်အားဖြင့်ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်ပဲ အဆုတ်နဲ့ပတ်သတ်တာဆိုလို့ ချောင်းဆိုးတာလောက်ပဲဖြစ်ခဲ့တာ ဒါကိုရုတ်တရက်နေမကောင်းစဖြစ်တာနဲ့ အိမ်မှာဆေးသောက်ပီးနေသေးတယ် မောတယ်ဆိုတဲ့အခြေအနေရောက်တော့နီးစပ်ရာဆေးခန်းမှာ ကိုဗစ် စစ်ကြည့်တော့ Negative ပါ

အဲ့တာနဲ့ အဆုတ်ကိုဓါတ်မှန်ရိုက်ကြည့်တော့ အဆုတ်ကပျက်စီးနေပီတဲ့ အဲ့တာနဲ့အဲ့ဆေးခန်းမှာပဲအဆင်မပြေတော့ မြို့ထဲကဆေးရုံတွေကိုလိုက်စုံစမ်းပါတယ် ( အဲ့အချိန်ကတည်းက Oxygen ပိုက်ဖြုတ်လို့မရတော့ဘူး အမေ့ရဲ့ သွေးတွင်းအောက်ဆီဂျင်ကအရမ်းကျနေလို့ ) မြို့ထဲကဆေးရုံတွေကလည်း

 

ကိုဗစ် သံသယရှိလူနာပုံစံလက္ခဏာနဲ့ဆို လက်မခံရဲကြပါဘူး ကျတော်တို့လည်း လူနာတင်ကားနဲ့ပါလာတဲ့ အောက်ဆီဂျင်အိုးလမ်းမှာပြတ်သွားမှာကိုလည်းဆိုးရသေးတယ် နောက်တော့ ပြည့်သူ့ဆေးရုံကြီးကပါ တစ်ဆင့် စစ်ဆေးရုံထပ်လွှဲပေးလိုက်ပါတယ်

ကျတော့်မှာ ရွေးခြယ်ခွင့်မရှိတော့ အမေ့ အသက်အန္တရာယ်ထပ်အရေးကြီးတာမရှိတော့ လက်ခံလိုက်ရပါတယ် … စစ်ဆေးရုံရောက်တော့ စစ်ဆေးပီး ဆေးသွင်းဆေးထိုးတာတွေလုပ်ပါသေးတယ် ဒါပေမယ့် အခြေအနေမကောင်းဘူးဆိုတာ ကြိုပြောထားတယ် အဆုတ်ကပျက်စီးနေပီတဲ့ သွေးတွင်းအောက်ဆီဂျင်ကသာမာန်လူတွေမှာ 90 ကျော်ရှိကြပါတယ် 80 ကျော် 70 ကျော်ထိကျနေတယ်ဆို အရေးပေါ်ဖြစ်နေပီတဲ့

 


အမေက စဖြစ်ကတည်းက 80 ကနေ တဖြည်းဖြည်း 60 ထိရောက်သွားတယ် သွေးတွင်းအောက်ဆီဂျင်နည်းတဲ့သူတွေက ကယောင်ကတမ်းဖြစ်တယ် / လက်သည်းထိပ်တွေခြောက်လာတယ် အမေ့ကို ကိုဗစ် ဒုတိယတစ်ခေါက်ပြန်စစ်တယ် Negative ပဲပြတယ် ဒါပေမယ့် လက္ခဏာတွေအကုန်လုံးက ကိုဗစ် လိုပဲဖြစ်နေတယ်

.နောက်ဆုံးသူမဆုံးခင်မနက်အစောပိုင်းလောက်က ကျတော်အောက်ဆီဂျင်တိုင်းကြည့်တော့ 30 ကျော်လောက်ထိကျသွားတယ် အရေးပေါ်အောက်ဆီဂျင်ပေးတဲ့စက်နဲ့ လုပ်တယ် မတက်လာဘူး အပေါ့အလေးသွားဖို့ထထိုင်ရင်တောင်မောနေတယ် .. နောက်တော့ဆရာဝန်တွေလည်းလက်လျော့လိုက်တော့ သူ့ကိုယ်သူသိတယ်ထင်တယ်

 

ကျတော်တို့ကိုအနားမှာထားပီး တရားခွေဖွင့်ပီး မျက်လုံးလေးအရင်မှိတ်ပီးတစ်ဖြည်းဖည်းအသက်ငင်ပီး ကျတော့်လက်ပေါ်တင်ပဲဆုံးပါးသွားခဲ့တာ .. ကျတော်အဓိကပြောချင်တာက ကိုဗစ် စစ်လို့ မရှိဘူး Negative ပြတိုင်း မပေါ့ကျပါနဲ့

 

အမေဆိုနှစ်ခါလုံးစစ်တာ Negative ပါ ဒါပေမယ့် ကိုဗစ် လိုလက္ခဏာတွေပဲ အခုဖြစ်နေကြတာတွေနဲ့ အကုန်တူနေလို့ပါ .. အားလုံးကိုမှာချင်တာ အခုချိန်မှာအကောင်းဆုံးပြုစုပေးထားပါ ဆုံးပါးသွားရင်တကယ်အစားထိုးလို့မရနိုင်ပါဘူး

အားလုံးဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ