မနှစ်က ပုံတွေထဲကဒီပုံလေးကို သဘောကျလို့ ကိုဗစ်‌ရောဂါ ကင်းစင်သွားလို့ အိမ်ပြန်ကျရတော့မဲ့ လူနာတွေကို ဆရာဝန်တွေ ကျမ်းမာရေးဝန်ထမ်းတွေ volunteer လူငယ်တွေက ” ပြောမှားဆိုမှားရှိရင် ခွင့်လွတ်ပေးဖို့ ” ကန်တော့နေကြတာ

 

မျက်ရည်ကျကြမှာပဲ ကိုယ်ဆိုလဲ ကိုယ့်အသက်သခင် ကျေးဇူးရှင်တွေက ပြန်ပီးကတော့တာခံရရင် ဝမ်းနည်းမိမှာ ။ကျွန်တော်တို့နိုင်ငံမှာ အဲ့လိုလူတွေ အများကြီးရှိပါတယ် ။ဘာအကျိုးအမြတ်မှမယူ ပဲ အညတရသူရဲကောင်းတွေ အများကြီးပါတယ် ။

ဒါဆိုခုက သူတို့ဘယ်မှာလဲ ????

 

တချို့ ထောင်ထဲမှာ ။တချို့က ဝမ်းရေးအတွတ်ဈေးရောင်းနေရတယ် ။တချို့ကလဲ ပြည်ပနိုင်ငံတွေကို ထွတ်ပြေးနေကြရတယ် ။တချို့က ၅၀၅နဲ့ ပုန်အောင်းနေရတယ် ။တချို့ကလဲ လူအားသာရှိပီး ငွေအားမရှိ့လို့တပ်ခေါက်နေရတယ်။

 


တချို့က တောတွေတောင်တွေထဲမှာ ကျ ည ်ဆံတွေကြား အသက်လုပီး ပြေးလွှားနေရတယ်။ တချို့ကတော့ လူ့ပြည့်မှာမရှိကြတော့ဘူး