ဆေးရုံတက်ဖို့ မနက်(၉) နာရီကနေ ညနေထိ အပြင်ခုံတန်းမှာထိုင်စောင့်ရင်း ​ေ သ ဆုံးသွားရတဲ့ အမျိုးသမီး

အောက်ဆုံးတွင်videoပါသည်…..

 

တစ်နေ့ထက်တစ်နေ့ ကိုဗစ်ရောဂါကြောင့် သေဆုံးနေရသူတွေ မနည်းတော့ပါဘူး ။ ဒီလိုသေဆုံးကြရာမှာလည်း အသက်ကြီးပိုင်းတွေတင် မဟုတ်ဘဲ လူငယ်တွေလည်း ပါရှိလာတာတွေ့ရပါတယ် ။ အဓိက ကတော့ အောက်ဆီဂျင်ကျနေချိန်မှာ အဆင်သင့်မရနိုင်မှုတွေ ကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးနေရတာပါ ။ တစ်ချို့ဆို ရောဂါ ဝေဒနာခံစားနေတဲ့ ကြားက အောက်ဆီဂျင်ကို လိုင်းပေါ်ကနေ အကူအညီတောင်းခံရင်း သေဆုံးသွားရသူတွေတောင် ရှိနေပါတယ် ။

 

မနေ့ကဆိုရင်လည်း အမျိုးသမီးတစ်ယောက် ကိုဗစ်ရောဂါ ကူးစက်ခံထားရတာကြောင့် ရောဂါကုသရန် ဆေးရုံကို မနက် (၉:၀၀) ထဲက ရောက်နေပေမယ့် ညနေ (၅:၀၀) အထိ အချိန်အတော်ကြာ ဆေးရုံအပြင်တန်း ထိုင်ခုံမှာစောင့်ရင်း ဝေဒနာကို မခံစားနိုင်တော့တာကြောင့် မကွယ်လွန်သင့်ဘဲ ကွယ်လွန်သွားရရှာတဲ့ စိတ်မကောင်းစရာ ပို့စ်လေးတစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။ လူနာတင် ကားနဲ့ လာရောက်ခေါ်စဉ်ကတောင် လမ်းလျှောက်နိုင်နေတဲ့အထိ တောင့်ခံထားနိုင်တာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ။

 

အိမ်သားတွေ ရှေ့မှာတင် လူကောင်းတစ်ယောက်လို သွားလာ နိုင်နေတဲ့ သူမ ရုတ်တရက် ကွယ်လွန်ပြီဆိုတဲ့ သတင်းကို မိသားစုတွေ သိရင် ဘယ်လောက်တောင် ခံပြင်းပြီး ဖြေဆည်မရ ဖြစ်နေကြမှာ အမှန်ပါပဲ ။ ပရိသရိသတ်ကြီးအတွက် ဒီသတင်လေးကို ပြန်လည်ဝေမျှပေးရင်း ဒီကိုဗစ်ရောဂါကြီး မဖြစ်အောင် တစ်ဦးတစ်ယောက်စီတိုင်း ကြိုတင် ကာကွယ်ပြီး ဂရုတစိုက် နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ။

Videoကြည့်ရန်….