မီးဖွားခါနီး သုံးမွှာပူး ကိုယ်၀န်သည်ကို ကိုဗစ် ကာကွယ် ဆေးထိုးပေးလိုက်တာကြောင့် ရင်ကွဲစရာတွေဖြစ်ခဲ့

ဒီရက်ပိုင်းမှာတော့ မကြားချင်ဘဲ ကြားနေ မြင်နေရတဲ့ ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှု သတင်းတွေ ကတော့ လူမှုကွန်ရက် စာမျက်နှာမှာ အပြည့်ပါပဲ ။ မစည်းကားသင့်တဲ့ နေရာတွေမှာ စည်ကားနေတာလည်း ရင်နင့်စရာ မြင်ကွင်းတွေပါ ။ ကိုဗစ်ရောဂါ ကူးစက် ခံနေရသူတွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုပို များပြားလာလျက်ရှိရာ အောက်ဆီဂျင်တွေလည်း မလုံလောက်တော့လို့ အတော်လေး အခက်တွေ့ပြီး သေဆုံးနေကြတာကို တွေ့ရပါတယ် ။

 

မနေ့ကဆိုရင်လည်း မီးဖွားခါနီး သုံးမွှာပူး ကိုယ်၀န်သည်တစ်ဦး ကလေးရော မိခင်ပါ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းလေးကို လူမှုကွန်ရက် စာမျက်နှာထက်မှာ စိတ်မကောင်းစွာတွေ့ရပါတယ် ။ နေမကောင်းလို့ ဆရာဝန်သွားပြရင်း ကိုဗစ်ဟုဆိုကာ ကိုဗစ် ကာကွယ်ဆေး ထိုးပေးလိုက်တာကြောင့်လို့ သိရပါတယ် ။ နောက်ရက်မှာ ဗိုက်ထဲက ကလေးတွေ မလှုပ်တော့တာကြောင့် ထပ်လာပြရင်း ချက်ချင်းမွေးဖွားဖို့လုပ်ရာ ကလေးလေးတွေရော မိခင်ပါ ကွယ်လွန်ခဲ့ရတာပဲဖြစ်ပါတယ် ။

 

ဒီအဖြစ်အပျက်လေးကတော့ မန္တလေးမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ် ။ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်တွေကို တန်းစီ ထုတ်ပိုးထားတဲ့ သားအမိတွေ ပုံရိပ်က တကယ်ကို မကြည့်ရက်လောက်အောင် စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် မန္တလေးက သုံးမွှာပူး ကိုယ်ဝန်သည်ရဲ့ ကြေကွဲစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဘယ်လို အကြောင်းနဲ့မှ မဆုံးရှုံးကြပါစေနဲ့လို့ ဆုတောင်းပေးရင်း အားလုံး ဒီရောဂါ ကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ။