မင်းသားကြီး ဦးအောင်ကျော် ကွယ်လွန် အနိစ္စရောက်

မင်းသားကြီး ဦးအောင်ကျော်ဟာ ယနေ့၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

“ဖခင်ကြီး ဦးအောင်ကျော် ဆုံးပါးသွားပါပြီ”လို့ ဦးအောင်ကျော်ရဲ့ မိသားစုဝင် တဦးက လူမှုကွန်ရက်မှာ အတည်ပြု ရေးသားထားပါတယ်။

 

“ယနေ့ နှုတ်ဆက်သွားပြန်ပါပြီ။ မင်းသားကြီး ဦးအောင်ကျော် ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ရုံးလာသွားပါသေးတယ်။ ကျန်းကျန်းမာမာကြီးပါ။ အစ်ကိုကြီး ဦးအောင်ကျော် ကောင်းရာ သုဂတိလားပါစေ”လို့ သရုပ်ဆောင် ဦးဝင်းမြိုင်က စိတ်မကောင်းစွာ ဆိုပါတယ်။

 

မင်းသားကြီး ဦးအောင်ကျော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။