အဖိုးလဲအခုပဲဆုံးသွားပါပြီ

အဖွားဆုံးတာနှစ်ရက်ပဲရှိပါသေးတယ် အဖွားသတိလစ်တုန်းကတောင်စိတ်မကောင်းဖြစ်ပြီးထမင်းမစားတာ ဆုံးတာသိရင်ပိုဆိုးမှာစိုးလို့ အဖိုးမသိအောင် အဖွားနာရေးကိုတိတ်တိတ်လေးစီစဉ်ခဲ့ရတယ် Oxygen ဘူးမလောက်တဲ့နေ့က အဖွားဆုံးတာမသိပဲ သူ့ oxygen ဘူး အဖွားကိုပေးရှူခိုင်းနေတယ်

 

နဂိုထဲကတော်တော်စိတ်ဓာတ်မာတဲ့အဖိုးပါ လေဖြတ်နေတာတောင် ဟင်းရွက်တွေအသီးအနှံတွေဆို သူနိုင်သလောက်နွှင်ပေးတာ ပေးမလုပ်ရင်လဲမရပါဘူး အိမ်သွားလည်ရင်လဲ မရှိ ရှိတာတွေအကုန်ထုတ်ကျွေးပါတယ်

 

အဖွားကိုလဲတော်တော်ချစ်တာ ဒီအချိန်တွေထိမုန့်စားရင်အဖွားအတွက်အခွံခွါပေးတာ အဖွားကဆီးချိုရှိလို့ အချိုတွေပေးမစားရင်လဲအဖွားစားချင်တယ်ဆို သူ့မုန်တွေခိုးခိုးကျွေးတာ

အခုလဲတစ်ယောက်ထဲမနေခဲ့ချင်လို့ထင်ပါတယ်
စိတ်ထားဖြူစင်တဲ့ အဖိုးနဲ့အဖွားနှစ်ယောက်လုံး
ကောင်းမွန်အေးချမ်းတဲ့နေရာရောက်မယ်လို့ယုံကြည်ပါတယ်